Zawgyi version
* နှိုးစက်မြည်သံ *
Mina က လက်ကိုဆန့်ထုတ်ရင်း အိပ်ရာဘေးရှိ စားပွဲပေါ်မှ နှိုးစက်ကိုစမ်းကာ ပိတ်လိုက်သည်။ ညက ဂိမ်းကစားတာများပြီး အိပ်ရေးမဝသေးသော်လည်း အတန်းရှိသေးသည်မို့ ထရတော့မည်။ အိပ်ရာထဲတွင် ငါးမိနစ်မျှပြန်မှေးရင်းဇိမ်ယူပြီးနောက်တွင်တော့ Mina အိပ်ရာထဲမှထွက်ဖို့ ဆုံးဖြတ်လိုက်၏။
နေရောင်က mint ရောင်ဖျော့ဖျော့သုတ်ထားသောအခန်းထဲသို့ ပြတင်းတံခါးမှတစ်ဆင့် ဝင်ရောက်နေသည်။ Mina က ပုံမှန်နေ့စဉ်လုပ်ငန်းအတိုင်း ကိုယ်လက်အကြောဆန့်ပြီးနောက် ရေချိုးခန်းဝင်ကာ မနက်ခင်းနေ့စဉ်ကိစ္စများကို ခပ်အေးအေးပင် ပြုလုပ်နေ၏။ ပထမဆုံးအချိန်က roll call အပြည့်ရှိတာမို့ တစ်ရက်တလေနောက်ကျလည်း သိပ်တော့ကိစ္စရှိမည်မထင်။
သူရေချိုးခန်းထဲမှထွက်လာပြီး ဆံပင်ကိုခြောက်အောင်သုတ်နေတုန်းမှာပင် ချစ်သူငယ်ချင်းလေးဆီက ဖုန်းဝင်လာသည်။ Mina က မကိုင်ရန်စဉ်းစားလိုက်သော်လည်း တစ်တောင်လောက်အထိထော်လာနိုင်သော Jihyo နှုတ်ခမ်းအကြောင်းတွေးမိရင်း ဖုန်းကိုကိုင်ရန်ဆုံးဖြတ်လိုက်၏။
"အင်း Jihyo ပြော"
"ဟယ် ဘယ်နှနာရီရှိနေပြီလဲ။ နင်ကျောင်းမလာတော့ဘူးလား"
"အာ ငါ ညက ဂိမ်းကစားတာနောက်ကျသွားလို့ဟ။ အိပ်ရာကမနိုးဘူး။ နောက်အချိန်ကျမှလာခဲ့တော့မယ်"
"အေး အေး ပြီးတာပဲ ငါတို့ကန်တင်းကစောင့်မယ်နော်။ အခု ဆရာလာပြီ"
Jihyo က သွက်သွက်ပြောပြီး ဖုန်းချသွားသည်။ Mina က ကျောင်းအတွက်လိုအပ်သောပစ္စည်းများကို အိတ်အတွင်းထည့်ပြီးနောက် တစ်ခုခုစားရန် အောက်ထပ်သို့ဆင်းလာခဲ့၏။
ဧည့်ခန်းထဲသို့ တစ်ချက်လှမ်းကြည့်တော့ ဖေဖေ့ကိုမတွေ့။ ဒီအချိန်ဆို company ကို သွားလောက်ရောပေါ့လေ။ Mina က တွေးရင်း မီးဖိုထဲသို့လျှောက်ဝင်လာပြီး cereal နှင့် နွားနို့ကို အလွယ်ပဲပြင်ဆင်လိုက်၏။
"အာ နို့ကကုန်ပြန်ပြီလား။ တကယ်တော့ ဖေဖေနောက်အိမ်ထောင်ပြုချင်တာ ကောင်းတဲ့အကြံပဲ"
YOU ARE READING
First Snow