Zawgyi version
Mina တစ်ယောက် အဖြူရောင်အခန်းလေးတစ်ခုအတွင်းရပ်နေရင်း ငါဘယ်ရောက်တာလဲဟု ပထမဆုံးတွေးမိလိုက်သည်။ သူရောက်ဖူးသောနေရာတစ်ခုမဟုတ်သော်လည်း စိတ်ထဲမှာတော့ ရင်းနှီးကျွမ်းဝင်သလို ခံစားရ၏။ ပြီးတော့ ငြိမ်းချမ်းခြင်းကိုလည်း ထူးထူးခြားခြားခံစားနေရသည်။
ဘယ်နေရာလဲ
သူ့မေးခွန်းကိုဖြေမည့်သူမရှိသော်လည်း တစ်စုံတစ်ရာက သူ့အာရုံကိုဆွဲဆောင်သွား၏။ တဖျတ်ဖျတ်လွင့်နေသော အဖြူရောင်ခန်းစည်း၏နောက်တွင် ပြတင်းတံခါး၌လက်ထောက်ရင်း အပြင်သို့ငေးနေသော အမျိုးသမီးတစ်ဦး သို့မဟုတ်
"မေမေ"
Mina က ခပ်တိုးတိုးရေရွတ်လိုက်သောအခါ ထိုအမျိုးသမီးက အပြင်ဘက်သို့ငေးကြည့်နေရာမှ သူ့ဘက်သို့လှည့်လာပြီး ပြုံးပြလိုက်သည်။ Mina လည်း ပျော်သွားပြီး ထိုအမျိုးသမီးရှိရာသို့သွားနေခိုက်မှာပင် ရုတ်တရက် လူတစ်ကိုယ်လုံးက အောက်ပြုတ်သွားသကဲ့သို့ခံစားလိုက်ရပြီး မျက်လုံးကို အလန့်တကြား ဖွင့်ကြည့်လိုက်မိ၏။
အိပ်မက်ပဲ
Mina လည်း မျက်စိကိုမှိတ်ကာ ဖြူနွဲ့ရှည်လျားသောလက်ချောင်းလေးများနှင့် မျက်နှာကိုတစ်ချက်ပွတ်လိုက်ပြီး သက်ပြင်းကိုမှုတ်ထုတ်လိုက်မိသည်။ မေမေ့ကိုအိပ်မက်မမက်ခဲ့တာ ကြာတောင်ကြာခဲ့ပြီပဲ။
တွေးရင်းနှင့် သူအိပ်ရာထဲမှထွက်ကာ ပြတင်းတံခါးနားသို့လျှောက်လာခဲ့ပြီး ပြတင်းပေါက်ကိုဖွင့်လိုက်တော့ ဖေဖော်ဝါရီ၏ဆောင်းလေအေးက သူ့ဆီသို့ ခုန်ပေါက်ပြေးလွှားလာသည်။ နေခြည်ဖြာကျနေသောလမ်းမပေါ်မှာလည်း အရည်ပျော်ကာစနှင်းတွေဖွေးဖွေးလှုပ်လို့။
တနင်္ဂနွေနေ့၏ငြိမ်းချမ်းမှုကို နှောင့်ယှက်ခြင်းမရှိအောင် setting လုပ်မထားသော alarm ကြောင့် သူနိုးတော့ ဆယ်နာရီပင်ထိုးတော့မည်။ Mina က ဖုန်းကိုတစ်ချက်ကြည့်ကာ msg များကိုစစ်လိုက်တော့ Jeongyeon ထံမှ Goodnight ရောက်နေသည်မှလွဲ၍ ထွေထွေထူးထူးသိပ်မရှိ။ ညကသည်အတိုင်းထားခဲ့ရတာ Jeongyeon ကို အားနာလိုက်တာ။
CZYTASZ
First Snow