Zawgyi version
ကောင်းကင်မှာဖြတ်ပျံသွားတဲ့
ငှက်တွေကို လိုက်မေးမိတယ်
ချစ်တယ် ဆိုတာ
ကိုယ့်ကိုကိုယ်အကျဉ်းချတဲ့လှောင်အိမ်များလားကောင်မလေးရေ...
ဦးဆွေးဆံမြည့်ထိချစ်သွားရအောင်
ဘယ်ကြိုးနဲ့ချည်နှောင်ရမလဲအဖြူအမှောင်ရောယှက်နေတဲ့ပန်းချီကားလို ကြည်နူးခြင်းတစ်ဝက် စိတ်ရှုပ်ထွေးခြင်းတစ်ဝက်နှင့်နိုးထလာရသည့်မနက်မျိုး ကြုံလာရမည်ဆိုတာကို Mina ဘယ်တုန်းကမှ မတွေးခဲ့ဖူး။
မျက်စိဖွင့်မကြည့်သေးသော်လည်း နှာသီးဖျားတွင်တိုးနေသော သူစိမ်းလေး၏ကိုယ်သင်းနံ့က အတူတူ ဟူသော စကားလုံးကို ကယောင်ကတမ်းအိပ်မက်မက်စေသည်။
Chaeyoung က အိပ်နေရင်းနှင့် မည်သို့လှည့်သွားသည်မသိ။ အခု Mina မျက်စိဖွင့်ကြည့်လိုက်တော့ ကလေးက သု့ရင်ခွင်ကိုမှီထားပြီး တစ်ဖက်သို့လှည့်ကာ ကွေးကွေးလေးအိပ်ပျော်နေသည်။ Mina လက်တွေကတော့ Chaeyoung ခါးပေါ်ကနေဖက်ထားပြီး Chaeyoung က ထိုလက်ကလေးကို သူ့လက်နှင့်ပြန်ဆုပ်ကိုင်ထား၏။
ထိုအခိုက်အတန့်လေးသည် jigsaw တစ်ခု၏ အစိတ်အပိုင်းလေးတို့ အံဝင်ဂွင်ကျ နေရာတကျဆက်ထားသကဲ့သို့ ခံစားနေရသည်။ Mina က အိပ်ရာမှမထသေးပဲ Chaeyoung ထံမှ ခေါင်းလျှော်ရည်နံ့လေးကိုရှူကာ အခိုက်အတန့်လေးကို အပြည့်အဝခံစားနေခိုက်မှာပင် Chaeyoung က အနည်းငယ်လူးလွန့်လာပြီး အိပ်ရာမှနိုးလာလေ၏။
"မမ?"
"နိုးပြီလား"
"အင်း"
တိတ်ဆိတ်ခြင်းက သူတို့ကြားတွင်နေရာယူနေပြီး နှစ်ယောက်သားအထွေအထူးစကားမဆိုဖြစ်ကြ။ Mina က ဖုန်းဆီကိုလက်လှမ်းကာ နာရီကိုကြည့်လိုက်တော့ မနက်ခြောက်နာရီခန့်ပဲရှိသေးသည်။
"အိပ်ချင်ဆက်အိပ်ဦးလေ။ မမ မနက်စာသွားပြင်မှဖြစ်တော့မယ်။ ခဏနေ လူကြီးတွေပြန်ရောက်တော့မှာ"
"အင်း"
Chaeyoung က ပါးစပ်မဟပဲ လည်ချောင်းသံနှင့်ဖြေလိုက်ပြီး လူကိုပိုကွေးကာ မျက်စိပြန်မှိတ်သွားသည်။ Mina က စောင်ထဲမှအသာထွက်ကာ Chaeyoung ပေါ်ကို အသေအချာခြုံပေးခဲ့ပြီး မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ ဝင်လာခဲ့၏။ သူပြန်ထွက်လာသည်အထိ Chaeyoung က တုပ်တုပ်မျှမလှုပ်တော့။
![](https://img.wattpad.com/cover/255452953-288-k951459.jpg)
YOU ARE READING
First Snow