Episode 3

896 111 0
                                    

Zawgyi version

ဖြစ်ချင်တာတွေဖြစ်ခွင့်မရ လုပ်ချင်တာတွေလုပ်ခွင့်မရတာကို ဘဝလို့ခေါ်တယ်တဲ့။ လူတွေကပြောကြတယ်။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကိုခွဲသိပြီး အကောင်းဆုံးရွေးချယ်မှုကို လုပ်ကြရမယ်တဲ့။

Mina ကတော့ သူ့ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့ပဲ ပြောချင်တော့၏။ အန်တီက တကယ်ကိုတော်တဲ့အိမ်ရှင်မတစ်ယောက်ဖြစ်ပြီး သူ့ကိုလည်း သမီးအရင်းကဲ့သို့ပင် စောင့်ရှောက်ပေးသေးသည်။ ဖေဖေတို့လက်ထပ်ပြီးကတည်းက မိသားစုထမင်းဝိုင်းလေး သိုက်သိုက်ဝန်းဝန်းရှိခဲ့ရသည်မှာ နေ့စဉ်နေ့တိုင်းပင်။

အင်း ပြဿနာလေးတွေတော့ ရှိတာပေါ့လေ။ Son Chaeyoung ဒီခေါင်းမာတဲ့ကလေးကတော့ အိမ်မှာ ဘယ်တော့မှထမင်းမစား။ မနက်အိပ်ရာထလျှင် ကျောင်းသို့ထသွားပြီး ညမိုးချုပ်မှပြန်လာသည်။ ပြီးလျှင် ဘယ်သူနဲ့မှစကားမပြောပဲ သူ့အခန်းသို့သာ တန်းတန်းမတ်မတ်ဝင်သွား၏။

ပြီးခဲ့သည့်နှစ်ပတ်လုံးလုံး ထိုအတိုင်းနေခဲ့ကြပြီး ဘာပြဿနာမှလည်းမရှိခဲ့။ Mina ကလည်း ဘုရားကျောင်းကိစ္စပြီးကတည်းက သူနှင့်စကားမပြောချင်သဖြင့် တမင်ကို ရှောင်နေခဲ့သည်။ ထို့ကြောင့် အိမ်တွင် လူသုံးယောက်သာနေသကဲ့သို့ ဖြစ်နေ၏။

သည်မနက် Mina နိုး၍ ကျောင်းသွားရန်ပြင်ဆင်ပြီး အောက်ထပ်ဆင်းလာတော့ အန်တီက မနက်စာပြင်ပြီးနေပြီ။ သူ့ကိုမြင်တော့ အပြုံးနှင့်နှုတ်ဆက်ရင်း အခုလေးတင်လုပ်ထားပြီးသော Pancake ပူပူလေးများကို သယ်လာပေးသည်။ သူ့အတွက် ကော်ဖီကိုငှဲ့ပေးတော့ Mina က ကျေးဇူးတင်စကားဆိုလိုက်၏။

"သမီး Chaeng ရော?"

"ရှင်"

ရုတ်တရက် ထမေးသော ဖေဖေ့စကားကြောင့် Mina ကြောင်သွား၏။ ဖေဖေက ဖတ်နေသော iPad ကို စားပွဲပေါ်ချလိုက်၍

"သမီးတို့နှစ်ယောက်ကိုကြည့်ရတာ မရင်းနှီးသလိုပဲ။ Chaeng က အခုတလော အိမ်ပြန်နောက်ကျတာ ဖေဖေသတိထားမိတယ်။ အဲ့တာ ညီမလေးကို ဂရုစိုက်လိုက်ဦး။ ဒီနေ့ ကျောင်းအတူတူသွားကြပါလား"

ဖေဖေ့စကားဆုံးတော့ Mina ခမျာ coffee ပင် သီးမလိုဖြစ်သွားရ၏။ ထိုအရိုင်းအစိုင်းနှင့် ကျောင်းအတူတူသွားရမည်? နေသာ အနောက်အရပ်က ထွက်ချင်ထွက်လာလိမ့်မည် Son Chaeyoung ကတော့ သူနှင့် ကျောင်းအတူတူသွားလိမ့်မည်မဟုတ်။

First SnowWhere stories live. Discover now