Zawgyi version
"လာ ထိုင် သမီး"
ပါမောက္ခဌာနမှူးက ခေါ်သည့်အတွက် Mina လည်း အနည်းငယ်စိတ်လှုပ်ရှားနေကာ အခန်းတွင်းသို့ဝင်လာခဲ့သည်။ ပါမောက္ခက သူ့ရှေ့ကခုံကို ညွှန်ပြတော့ Mina လည်း မဝံ့မရဲနှင့် ဝင်ထိုင်လိုက်၏။
"Relax"
သူ့ဘေးက စကားသံကြောင့်လှည့်ကြည့်လိုက်တော့ Director Im က သူ့ဘေးကခုံတွင်ထိုင်နေသည်။ တော်ပါသေးရဲ့ဟု Mina က တွေးရင်း အနည်းငယ်စိတ်သက်ရာရစွာနှင့် ဌာနမှူးကို ပြုံးပြလိုက်၏။
"သမီး ကပွဲကိုဖွင့်သွားတာ အရမ်းကောင်းတယ်။ ချီးကျူးဩဘာသံတွေအများကြီး ဆရာတို့ရလိုက်တယ်"
ဌာနမှူးက စကားစတော့ Mina ငြိမ်ငြိမ်လေးသာနားထောင်နေသည်။ ဒါ ပြောချင်သည့်အကြောင်းအရာမဟုတ်မှန်းကိုတော့ သူအလွယ်တကူပဲ ခန့်မှန်းနိုင်ခဲ့ပါသည်။
"အဲ့နေ့က အထင်ကရပုဂ္ဂိုလ်တွေလည်း လာတယ်။ အဲ့ထဲမှာ သမီးစကောလားတင်ထားတဲ့ ပြင်သစ်အနုပညာတက္ကသိုလ်လည်းပါနေတယ်"
Mina ရင်တွေ တဒိုင်းဒိုင်းခုန်နေသည်။ သူအဖြစ်ချင်ခဲ့ဆုံးဆန္ဒ သူအတောင့်တဆုံးဆုလာဘ်ကို ရရှိတော့မည့်ကလေးတစ်ယောက်လို ခံစားလာရ၏။
"သူတို့က သမီးတင်ဆက်သွားတာကို အရမ်းသဘောကျနေတယ်။ ဒါကြောင့် သမီးရဲ့နောက်ဆုံးနှစ်ကို သူတို့တက္ကသိုလ်မှာ လာဆည်းပူးဖို့ ကမ်းလှမ်းထားတယ်"
Mina အံ့ဩလွန်းသဖြင့် သူ့ပါးစပ်ကို လက်နှင့်ပင်အုပ်လိုက်မိသည်။ သူစောင့်မျှော်နေခဲ့ရတဲ့အခွင့်အရေး အခုတော့ သူ့ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာပြီ။
"သူတို့က သမီးကျောင်းပြီးသည်အထိ ကျောင်းစားရိတ်ကင်းလွတ်ခွင့်ပေးမယ့်အပြင် ကျောင်းတက်နေတုန်းမှာလည်း ကျောင်းနဲ့ချိတ်ဆက်ထားတဲ့အေဂျင်စီရဲ့ပွဲတွေမှာ ပါဝင်ခွင့်ရမယ်။ ကျောင်းပြီးရင်လည်း ကမ္ဘာတစ်ဝှမ်းက သမီးသဘောကျတဲ့အေဂျင်စီနဲ့ချိတ်ဆက်ပေးဦးမယ်တဲ့။ အဲ့တော့ သမီးလုပ်ဖို့က ဒီ form တွေကိုဖြည့်ပြီး ဒီတစ်ပတ်အတွင်း သူတို့ကိုပေးလိုက်ဖို့ပဲ"
YOU ARE READING
First Snow