Zawgyi version
ကယောက်ကယက်
ရွှေအိပ်မက်ကလန့်နိုးတော့
မပြီးသေးတဲ့ကဗျာက
ကာရန်အပျက်တွေနဲ့အသက်ဆက်ရပြီ
ဪ ခက်ရချည်ရဲ့
တွဲလက်ကိုမဖြုတ်နဲ့
ချစ်သူရေ
ဟိုးအရှေ့မှာ
မိုး တွေ ရွာ နေ ပြီ ...
လောကမှာအတောက်ပဆုံးကြယ်ကို ဓူဝံကြယ်ဟုသတ်မှတ်မည်ဆိုလျှင် သူငြင်းချက်ထုတ်ချင်ပါသည်။ သူ့အတွက်ကတော့ တောက်ပနေတဲ့မျက်ဝန်းလေးတစ်စုံလောက် ဘယ်ကြယ်ရောင်မှလင်းမည်မထင်။
ကြယ်ကလေးတွေစိုးစီစိုးစီရှိနေတုန်း သူပြန်နိုးလာတော့ Chaeyoung ၏ တောက်ပလင်းလက်နေသောမျက်ဝန်းများနှင့် ရင်ဆိုင်တွေ့လိုက်ရ၏။ ထိုကလေးက ဘယ်အချိန်ကတည်းကနိုးနေမှန်းမသိ။ သူနိုးလာတာမြင်တော့ ညကသူခူးဆွတ်ထားခဲ့သည့်နှုတ်ခမ်းလေးတစ်စုံက တွန့်ကွေးပြုံးသွားသည်။
"Hi"
ပြန်မတွေးပါနဲ့တော့ Mina ရယ်။ ထပ်လုပ်မိရင် ပြဿနာတက်လိမ့်မယ်။ Mina က သူ့ကိုယ်သူသတိပေးရင်း မျက်လုံးကိုလက်နှင့်ပွတ်လိုက်၏။ ထို့နောက် အညောင်းဆန့်မယ့်ဟန်ပြင်သောအခါ သူ့လက်မောင်းပေါ်အိပ်နေဆဲဖြစ်သော Chaeyoung က အလိုက်တသိ ခေါင်းကြွပေးသည်။
"Morning ဘယ်အချိန်ရှိပြီလဲ"
Mina က မထချင်သေးပဲမေးတော့ Chaeyoung က ခေါင်းယမ်းပြ၏။
"မသိဘူးလေ"
"စောဦးမယ်ထင်တယ် နေမထွက်သေးဘူး"
Mina က Chaeyoung ကိုကျော်ကာ ပြတင်းပေါက်မှကြည့်နေရင်း မှတ်ချက်ချတော့ ထိုကလေးက သဘောတူဟန်နှင့် ခေါင်းညိတ်ပြလာသည်။
"ဘယ်ကတည်းကနိုးနေတာလဲ"
"မသိပါဘူး"
Chaeyoung က ပြောပြီး အေးလိုက်တာ ဟု တီးတိုးရေရွတ်ရင်း Mina အနားကို ပြန်တိုးကပ်လာ၏။ Mina က ပြုံးလိုက်ပြီး ရင်ခွင်ထဲကအနွေးဓာတ်လေးကို ပြန်ဖက်ပေးထားလိုက်သည်။
"မမ"
"ပြော"
"နေထွက်တာကြည့်ကြမလား"
YOU ARE READING
First Snow