Episode 8

854 104 2
                                        

Zawgyi version

Chaeyoung ထီးကိုပိတ်လိုက်ပြီး စာသင်ခန်းထဲကိုဝင်လာတော့ Dahyun နှင့် Tzuyu က ပြုံးစိစိနှင့်ကြည့်နေကြသည်။ သူတို့က မေဂျာမတူသော်လည်း First year အားလုံးပေါင်းသင်ရသော English အချိန်ကိုတော့ အတူတူတက်ကြရ၏။

Chaeyoung က သူတို့ခုံတန်း၏ အတွင်းဘက်အကျဆုံးနေရာတွင် ဝင်ထိုင်လိုက်စဉ်မှာပင် Dahyun က လှမ်းပြောလိုက်သည်။

"ထီးတွေဘာတွေနဲ့ပါလား"

"Hmmm နှင်းကျနေလို့"

"ဟုတ်လား ထီးပေါ်က ပင်ဂွင်းပုံကရယ်ရတယ်နော်။ နင့်အကြိုက်မဟုတ်ပါဘူး။ ဘယ်ကရလာတာလဲ"

Tzuyu ကပါ ဝင်ပြောတော့ Chaeyoung က သူ့လက်ထဲကို ထီးအတင်းထိုးထည့်သွားသောအမျိုးသမီးကို မြင်ယောင်လာသည်။ ပင်ဂွင်းတဲ့လား။ Mina ပြေးဝင်သွားပုံကိုမြင်ယောင်ကြည့်တော့ တကယ်ပင်ဂွင်းနှင့်တူနေသဖြင့် Chaeyoung ပြုံးမိသွား၏။

"ငါ့အစ်မ ဆိုပါတော့ အစ်မကပေးတာ"

Chaeyoung ကပြောလိုက်တော့ Tzuyu က ခေါင်းညိတ်လိုက်သည်။

"နင်ပြောပုံအရတွေဆိုရင် သူကကောင်းမယ့်ပုံပါပဲ"

"ဟုတ်တယ် စကားလည်းမများဘူး နင့်ကိုလည်းဆေးမထိုးဘူး"

"နောက်တစ်ခါကျရင်ပြစမ်းပါဦး။ မြင်ဖူးချင်လို့"

"တော်ပါတော့ နင်တို့ကလည်း"

Chaeyoung က အနေရခက်စွာပြောရင်း စာအုပ်ထုတ်ချင်ယောင်ဆောင်ကာ စကားစဖြတ်လိုက်ရ၏။ သူငယ်ချင်းများကပါ ဒီလိုတွေပြောနေတော့ မသိရင် သူကပဲ Mina Myoui အပေါ်မကောင်းတဲ့လူဆိုးကြီး ဖြစ်နေရပြီ။ hmmm တကယ်ဖြစ်နေပြီလား။

Chaeyoung ကတွေးရင်း ဘေးတွင်ချထားသောထီးကို ငုံ့ကြည့်လိုက်မိ၏။ Mina ကတော့ သူ့ကိုခင်ချင်နေသည့်ပုံပင်။ နည်းနည်း ပြေပြေလည်လည်ဆက်ဆံလိုက်ရမလား။ တကယ်တော့ စဉ်းစားကြည့်ရင်လည်း Mina မှာ အပြစ်မှမရှိတာ။

ပြီးတော့ သူကတကယ်ကိုမိန်းမလှလေး။ Chaeyoung ထုတ်မပြောသော်လည်း သူရေးခြစ်ခဲ့သော ပုံဆွဲစာအုပ်ထဲကမျက်ဝန်းတစ်စုံက သူ့အိပ်မက်ထဲ တစ်ခါတစ်ရံပေါ်လာတတ်၏။ ထိုစူးရဲသောမျက်ဝန်းများက သူ့ကိုစိုက်ကြည့်လိုက်တိုင်း မြန်မြန်သွားရသောရင်ခုန်သံများကို မျက်မှောင်ကုတ်ပြီးဖျောက်နေရကြောင်းကိုတော့ သူဘယ်သူ့ကိုမှ ထုတ်ပြောလိမ့်မည်မဟုတ်။

First SnowWhere stories live. Discover now