Zawgyi version
* တံခါးခေါက်သံ *
Chaeyoung က ဆက်တိုက်ထွက်ပေါ်နေသော တံခါးခေါက်သံကို မကြားချင်ယောင်ဆောင်ရင်း အတင်းဆက်အိပ်နေလိုက်သည်။ ခေါက်သံကတော့ ရပ်မသွားပဲ ပို၍ပင်ကျယ်လာ၏။
"Chaeng ကျောင်းသွားရမှာမလား ထတော့လေ"
အာ မေမေပဲ။ Chaeyoung က အသံကိုမှတ်မိသွားပြီးနောက် ပြဿနာမတက်ချင်၍ ထရန်ဆုံးဖြတ်လိုက်၏။ ညက သူအိမ်ပြန်နောက်ကျတာ သေချာပေါက် မေမေသိမှာ။ မဖြစ်သေးပါဘူးဟုတွေးရင်း အိပ်ရာပေါ်မှခုန်ချကာ တံခါးကိုဖွင့်လိုက်တော့ မေမေက စိတ်မရှည်ဟန်နှင့် ရပ်နေသည်။
"မေမေ"
"ထတော့လေ ဘယ်အချိန်ရှိနေပြီလဲ။ ဆယ်နာရီဆိုတာ ကျောင်းမှာရှိနေသင့်ပြီမဟုတ်ဘူးလား"
"ဟုတ် သွားတော့မလို့ပါ"
Chaeyoung က တိုးတိုးဖြေတော့ မေမေက မျက်စောင်းတစ်ချက်ထိုးပြီး ဘာမှမပြောတော့ပဲ ထွက်သွားသည်။ မင်္ဂလာဆောင်ကို လုံးဝဆန့်ကျင်ခဲ့သော်လည်း မေမေက Chaeyoung အတွက် အရာရာမို့ မေမေ့ကိုတော့ တစ်ခါမှပြန်မပြောဖူး။ မေမေစိတ်ညစ်အောင်တော့ သူမလုပ်ချင်ပါ။
Chaeyoung လည်း သက်ပြင်းချရင်း အခန်းထဲသို့ပြန်ဝင်ကာ ကျောင်းသွားရန်စတင်ပြင်ဆင်တော့၏။ ရေချိုးခန်းထဲကထွက်လာတော့ ဆယ်နာရီထိုးတော့မည်။ မနက်ပိုင်းအတန်းကတော့ ဘယ်လိုမှမီိလိမ့်မည်မဟုတ်။ ထို့ကြောင့် အလျင်မလိုတော့ပဲ အေးအေးဆေးဆေးသာ ပြင်ဆင်နေလိုက်တော့သည်။
ဆံပင်က ပခုံးထောက်မို့ ပုံသွင်းရလွယ်၏။ တစ်ချက်နှစ်ချက်သပ်လိုက်ပြီး နှုတ်ခမ်းနီပါးပါးဆိုးလိုက်တော့ သူပြင်ဆင်တာ ပြီးသွားသည်။ အဝါရောင် Hoodie နှင့် Ripped Jean ကို ဝတ်ဆင်ထားသောသူ့ပုံရိပ်က မှန်ထဲမှတစ်ဆင့် သူ့ကိုမှုန်ကုတ်ကုတ်ပြန်ကြည့်နေ၏။
Chaeyoung လည်း ကျောပိုးအိတ်ကိုဆွဲကာ အောက်ထပ်ကိုဆင်းလာတော့ မေမေက မီးဖိုထဲတွင် အလုပ်ရှုပ်နေသည်။ သူက မီးဖိုထဲသို့ခေါင်းပြူရင်း "ကျောင်းသွားတော့မယ်" ဟု နှုတ်ဆက်တော့ အေးအေး ဟုသာပြန်ပြော၏။
STAI LEGGENDO
First Snow