Zawgyi version
ဧပရယ်လေဦး၏ ပူနွေးသောလေတိုက်ခတ်နေသာမနက်ခင်းတစ်ခုတွင် သူရွှင်ကြည်စွာနိုးလာသည်။ ညက စောစောအိပ်ရာဝင်ခဲ့တာတစ်ကြောင်း အခုတလောစိတ်ချမ်းသာစရာကိစ္စများသောကြောင့်တစ်ကြောင်း သူကတော့ မနက်ခင်းတစ်ခုကို အပြုံးလေးနှင့် စတင်နိုင်ခဲ့၏။
သူက အကြောဆန့်ကာ တစ်ကိုယ်လုံးကို ခြေကားယားလက်ကားယားဆန့်ထုတ်လိုက်ချိန်တွင် တခိခိ ရယ်သံကြားလိုက်သောကြောင့် မျက်လုံးပြူးသွားသည်။
လှည့်ကြည့်လိုက်တော့ Mina။
Mina က သူ့ကို ပြတင်းပေါက်နားမှရပ်ကြည့်နေပြီး သူအကြောဆန့်နေတာကို လှောင်သလို စသလိုရယ်နေသည်။ သူက ချက်ချင်းနှုတ်ခမ်းစူသွားတော့ Mina က ပျာပျာသလဲ ပြေးလာ၏။
"ဟေ့ ဟေ့ ဘာဖြစ်တာလဲ"
"ဘာလို့ရယ်နေတာလဲ"
"ခြေထောက်တွေလက်တွေ တိုတိုလေးနဲ့လုပ်နေတာကိုး ချစ်စရာလေးမို့ရယ်တာလေ"
"ဟင်း"
Chaeyoung က မကျေမနပ်နှင့် တစ်ဖက်သို့လှည့်၍နှာမှုတ်ထုတ်လိုက်တော့ Mina က ပြုံးလိုက်ပြီး သူ့ခေါင်းလေးကို ပွေ့ဖက်ကာ ရင်ခွင်ထဲတွင်ထည့်ထားပေးလိုက်သည်။ ပြီးတော့ သူ့နားကပ်လာရင်း တီးတိုးပြောလိုက်၏။
"Happy birthday"
ထိုအခါမှ Chaeyoung လည်း သတိရသွားပြီး စားပွဲပေါ်တွင်တင်ထားသောပြက္ခဒိန်ကိုလှမ်းကြည့်လိုက်တော့ ၂၃ ကို အနီဝိုင်းလေးနှင့်မှတ်ထားတာ မြင်လိုက်ရသည်။
ဒီနေ့က မွေးနေ့ပါလား
သူပြုံးဖြဲဖြဲနှင့် မမကိုမော့ကြည့်တော့ Mina က သူ့နဖူးလေးကို ငုံ့နမ်းပြီး ပြန်ပြုံးပြ၏။ သို့သော် သူက ခေါင်းကိုခါယမ်းကာ နှုတ်ခမ်းစူပြတော့ Mina က တဟားဟားထရယ်သည်။
"ဟာ သွားလည်းမတိုက်ရသေးပဲနဲ့ မင်းနော်"
"ဘာလဲ မမကငြိုငြင်တာလား ရတယ် နေပေါ့"
သူက စိတ်ကောက်သလိုဟန်ဆောင်ပြီး ကုတင်ပေါ်မှထတော့ Mina က ရယ်နေရင်းကပင် သူ့စိတ်ကြိုက်လိုက်လျောပေးလိုက်ရသည်။ ပြီးတော့ သူ့နှာခေါင်းကိုဆွဲဖျစ်လိုက်၍
STAI LEGGENDO
First Snow