Zawgyi version
ပင်လယ်ရဲ့မျက်ရည်
ဘယ်သူမျှဝေခံစားပေးတတ်ပါသလဲ
လမ်းမှားတဲ့လှေကလေးအတွက်
ကံကြမ္မာကပစ်တဲ့ဒင်္ဂါး
အလွမ်းကျမလား အနမ်းကျမလားနဂိုကတည်းက မိန်းကလေးအရမ်းမဆန်သူမို့ ဂျင်းအင်္ကျီတစ်ထည် T-shirt အနက် နှင့် denim အတိုတစ်ထည် ပြီးတော့ နေကာမျက်မှန်တစ်လက်ကောက်တပ်လိုက်ရင် သူ့ရဲ့ခရီးသွားဖက်ရှင်က ရိုးရိုးလေးနှင့်ပြီးသွားပြီ။
မပါမဖြစ်ကျောပိုးအိတ်နဲ့ လက်ထဲမှာတော့ ကင်မရာတစ်လုံး။ ဒါဆိုရင် ပြီးပြည့်စုံသွားပြီဟု သူယူဆထားသည်။ သူ့ဘေးက Somi ကတော့ ဦးထုပ်အကြီးကြီးကိုဆောင်း အဝါရောင်နေကြာပန်းတွေပါတဲ့ ဂါဝန်နဲ့။ မျက်မှန်အဝိုင်းကြီးကိုတပ်ထားတာ အိပ်ပျော်နေ၏။
Gyeongju ရဲ့ အမိုက်စားဈေးအကြီးဆုံး အကောင်းဆုံး resort ပိုင်ရှင်၏ တစ်ဦးတည်းသောသား Kunpimook Bhuwakul ၏ ကိုယ်ပိုင် private resort။ ဘယ်လောက်တောင်နားထောင်ကောင်းလိုက်တဲ့နာမည်လဲ။
ကားရပ်သွားပြီး ကားပေါ်ကဆင်းကြတော့ သူ့ရှေ့က ချစ်စရာဘန်ဂလိုအသေးလေးများကိုငေးကြည့်ရင်း Chaeyoung သူ့အတွေးနှင့်သူပြုံးလိုက်မိသည်။ သူကတော့ ဒီဂုဏ်ဒြပ်တွေနား အဖျားတောင်မကပ်နိုင်သော သာမန်အညတရလေးသာ။
"တို့နှစ်ယောက်တစ်အိမ်နေမယ်မလား"
Somi က သူ့ပခုံးကိုဖက်ရင်းပြောလိုက်တော့ Chaeyoung က ခေါင်းညိတ်ပြလိုက်ပြီး Somi သယ်လာသောအိတ်နှစ်လုံးထဲမှတစ်လုံးကို ကူဆွဲလိုက်သည်။ Dahyun နှင့် Tzuyu ကတော့ ခါးဆန့်ရင်း နောက်ကလိုက်ဆင်းလာ၏။
"ကားမောင်းရတာညောင်းလိုက်တာ"
"ခဏနေ ရေထဲဆင်းလိုက်ရင် အညောင်းပြေသွားလိမ့်မယ်။ ပြီးတော့ unnie မှာက ညောင်းရအောင် ခါးရှည်တာလည်းမဟုတ်"
"Yah! Chou Tzuyu!!"
သူတို့နှစ်ယောက် သဲသောင်ပြင်ပေါ်တွင်ပြေးတမ်းလိုက်တမ်းဆော့နေတာကိုကြည့်ပြီး Chaeyoung လည်း ကင်မရာကိုမြှောက်ကာ မှတ်တမ်းတင်ထားလိုက်သည်။
ကင်မရာကို ရွှေ့ပြောင်းလိုက်ရိုက်ရင်း ဖရိန်ထဲတွင်ပေါ်လာသောနတ်သမီးလေးတစ်ယောက်ကြောင့် ခလုတ်ပေါ်တင်ထားသောလက်များ တွန့်ဆုတ်သွားရ၏။ အပြာနုရောင်ချည်ဂါဝန်လေးနှင့် လှချင်တိုင်းလှနေသော Mina က ကားပေါ်ကဆင်းလာပြီး သူ့သူငယ်ချင်းများနှင့် ပစ္စည်းများကို ကားပေါ်မှချနေသည်။
BINABASA MO ANG
First Snow