Zawgyi version
အပြင်ဘက်ဆီမှာ နှင်းတွေကတဖွဲဖွဲကျနေသည်။ အအေးလှိုင်းဖြတ်မည်ဟူသောကြိုတင်ကြေညာချက်အရ အရမ်းအေးမည်မှန်းခန့်မှန်းမိကြသော်လည်း ဟန်မြစ်ခဲလောက်သော -20•C ထိအေးမည်လို့တော့ ဘယ်သူမှထင်မထားခဲ့။
အေးလွန်း၍အိပ်ရာထဲတွင်ဆက်ကွေးနေချင်ပါသော်လည်း ကျောင်းပရောဂျက်ကိစ္စများရှိသည့်အတွက် Chaeyoung တစ်ယောက် ကျောင်းသွားဖို့ပြင်ဆင်နေရ၏။
Hoodie ကိုဝ်ပြီး ကျောပိုးအိတ်ကိုလွယ်ကာ အပြီးသတ်လိုက်ပြီးနောက်တွင်တော့ အောက်ထပ်သို့ဆင်းလာခဲ့သည်။ အောက်ထပ်တွင် မထင်မှတ်ပဲ လူစုံနေကြ၏။ မိသားစုဝင်သုံးယောက်စလုံး ထမင်းစားပွဲတွင်ထိုင်ပြီး မနက်စာစားနေကြ၏။
အာ ဒုက္ခပဲ။ မဝင်ပဲချက်ချင်းထွက်သွားလို့လည်းမကောင်း။ မေမေကကြည့်နေပြီ။ သူစိမ်းများရှေ့တွင် မေမေ့သမီးကရိုင်းတယ်ဟုလည်း အဖြစ်မခံလို။ ထို့ကြောင့် Chaeyoung လည်း သက်ပြင်းကိုခိုးချရင်း မေမေ့ဘေးရှိခုံအလွတ်တွင် ဝင်ထိုင်လိုက်၏။
"ကျောင်းသွားမှာလားသမီး"
"ဟုတ် မေ ဘာလို့လဲ"
"ဪ သမီးမမက ပရောဂျက်အတွက် ပစ္စည်းတွေသယ်ရမှာ နှစ်ပုံးဖြစ်နေတယ်။ အစက သူ့သူငယ်ချင်းတွေလာမလို့ဆိုပေမယ့် အခုကျကားကဘာဖြစ်သွားလို့ဆိုလား။ အဲ့တာကြောင့် သမီးက မမကိုကူပြီး ပုံးတွေသယ်ပေးလိုက်ပါဦး"
Chaeyoung က မျက်လုံးပင့်ကြည့်လိုက်တော့ သူ့ကိုမသိမသာကြည့်နေသော Mina က ချက်ချင်းမျက်နှာလွှဲသွားပြီး မကြည့်ဟန်ဆောင်နေ၏။
"ဟို- "
"အဆင်မပြေလည်းကိစ္စမရှိဘူး။ တို့ကဖြစ်တယ်"
Mina က လေသံတိုးတိုးနှင့်ပြောလာတော့ Chaeyoung မျက်မှောင်ကုတ်သွား၍ စဉ်းစားနေမိသည်။ ဟိုနေ့က Mina သူ့ကိုပြန်မတိုင်တာ ပြန်ကူညီဖို့တော့သင့်ပါတယ်ဟုတွေးလိုက်မိပြီး Chaeyoung လည်း ကော်ဖီကို တစ်ကျိုက်တည်းမော့သောက်လိုက်၏။
"သယ်ပေးမယ်လေ။ ဘယ်မှာလဲ"
Mina က အံ့ဩသွားဟန်နှင့် သူ့ကိုမော့ကြည့်လာသည်။ ဘာတွေထူးဆန်းနေတာလဲ ဒီအမျိုးသမီးကလည်း တစ်မျိုးပါလား။ Chaeyoung က ခြေထောက်နားတွင်ချထားသောကျောပိုးအိတ်ကိုပခုံးတစ်ဖက်တွင်လွယ်လိုက်ကာ လှည့်ထွက်လာတော့ Mina က ကပျာကယာပြေးလိုက်လာသည်။
YOU ARE READING
First Snow