Zawgyi version
ဘုရားကျောင်းမှာ ခေါင်းလောင်းသံတို့က ပျံ့လွင့်နေသည်။ ဒီနေ့က ဖေဖေနှင့်အန်တီတို့၏လက်ထပ်ပွဲ။ သမီးလိမ္မာလေးဖြစ်သည့် Mina က ဖေဖေနှင့်အတူ ဧည့်သည်များကိုကြိုဆိုနှုတ်ဆက်ရင်း မျက်နှာပြနေရ၏။
နှစ်ဖက်မိသားစုနှင့် ရင်းနှီးသောမိတ်ဆွေများသာပါဝင်သည့် မင်္ဂလာပွဲမို့ အကျယ်မဟုတ်ပဲ ကျစ်ကျစ်လျစ်လျစ်ကလေး ပြုလုပ်ထားသည်။ Mina က စိတ်ဝင်တစားနှင့်စောင့်မျှော်နေသော်လည်း အန်တီ့သမီးကိုတော့ အခုထိ အရိပ်အယောင်ပင် မတွေ့သေး။
မလာပဲတော့ မနေလောက်ပါဘူးလေ။ ဖေဖေပြောပုံအရ ကောင်မလေးက ဂျစ်ကန်ကန်လေးတဲ့။
ဂျစ်ကန်ကန်လေးဆိုမှ Mina ခေါင်းထဲသို့ လွန်ခဲ့သောအပတ်ကတွေ့ခဲ့သည့် ဂျစ်ကန်ကန်နှင့် ကလေးစုတ်တစ်ယောက် ပြေးဝင်လာသည်။ ငယ်နုဟန်တူသောမျက်နှာလေးက မကျေနပ်ချက်တွေအပြည့်နှင့်။ ဘာလို့ သူ့အကြောင်းကို ခဏခဏတွေးမိနေတာလဲ Mina ရယ် ဟု Mina ကိုယ့်ကိုကိုယ်ပြန်ပြောရင်း ဧည့်သည်များဘက်သို့ ပြန်လည်အာရုံစိုက်ထားလိုက်သည်။
ထို့နောက်တွင်တော့ မင်္ဂလာပွဲက အဆင်ပြေပြေနှင့် ကျင်းပနေ၏။ အန်တီက ပန်းကျဲထားသောလျှောက်လမ်းလေးအတိုင်း လျှောက်လာသည်။ ဖေဖေကတော့ အပြုံးနှင့်ကြိုနေတာပေါ့လေ။ မေမေဟု ငယ်ငယ်ကတည်းက ခေါ်ခွင့်မရခဲ့သော Mina ကတော့ အန်တီ့ကိုသဘောကျပါသည်။
အန်တီက လေးဆယ်ကျော်ဟုမထင်ရလောက်အောင် နုနယ်ပြီး နှစ်လိုဖွယ်အပြုံးနှင့် ဖေဖေ့ထံလက်ကမ်းပေးလိုက်တော့ Mina မျက်ရည်ဝဲရ၏။ မေမေကျေနပ်နေမှာပါလေ။ ဖေဖေပြောပုံအရ မေမေက ကင်ဆာဖြင့်မကွယ်လွန်မီ ဖေဖေ့ကိုတစ်ယောက်တည်းမနေဖို့ မှာခဲ့သည်တဲ့။
ဘုန်းတော်ကြီးက လိုအပ်သည်များ မှာကြားပြီးသည့်နောက် လက်စွပ်လဲသည့်အချိန်ရောက်တော့ Mina ကြည်နူးမိ၏။ ချစ်သူနှင့်ဆုံစည်းရတာ သည်လောက်ပျော်စရာကောင်းမှန်း Mina မသိခဲ့။ ဖေဖေကလက်စွပ်စွပ်ပေးတော့ အန်တီငိုတာကြည့်ပြီး Mina ပါ အလိုလို မျက်ရည်သုတ်မိသည်။
ဟင်
ထိုစဉ် Mina ထိုင်နေသောအတန်း၏ ဟိုးထောင့်ဆုံးနေရာမှ အရိပ်တစ်ခု ရုတ်တရက်ထပြီး အပြင်သို့လျှောက်ထွက်သွားသည်ကို Mina မျက်ဝန်းထောင့်စွန်းမှ မြင်လိုက်ရ၏။ ဘယ်သူဘယ်ဝါမှန်း အသေအချာမမြင်လိုက်ရသော်လည်း မသိစိတ်က အန်တီ့သမီးဟု အသိပေးနေသောကြောင့် Mina လိုက်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူနှင့်မဆိုင်ဘူးဆိုလျှင်တောင် မကြာမီမိနစ်ပိုင်းအတွင်း ဆိုင်တော့မည်မဟုတ်ပါလား။
ESTÁS LEYENDO
First Snow