Episode 9

798 106 5
                                        


Zawgyi version


ဒီလိုစိတ်ပင်ပန်းစွာနဲ့ နိုးထရမယ့်မနက်ခင်းတစ်ခု ကြုံလာရဦးမယ်လို့ Chaeyoung တစ်ခါမှ မထင်ခဲ့ဖူး။ မေမေက ဟန်းနီးမွန်းခရီးသွားမည်ဆိုတော့ သူဘယ်လိုတားနိုင်မှာလဲ။ ကံကြမ္မာကိုက သူ့ကို Mina Myoui နှင့် နှစ်ယောက်တည်းကျန်နေစေခဲ့ချင်ပုံရသည်။

"သမီး မမစကားကိုနားထောင်နော်"

မေမေက သူ့ကို မသွားခင် အသေအချာမှာသွားရှာ၏။ ဘယ်ကမမလဲ။ ရှုပ်ရှုပ်ယှက်ယှက်တွေ။ Chaeyoung က တဖြည်းဖြည်းဝေးပြီး လမ်းကိုချိုးကာပျောက်ကွယ်သွားသော Taxi ကိုကြည့်ရင်း ခေါင်းကို တစ်ချက်ထိုးဖွလိုက်သည်။ ထို့နောက် မနက်ကျောင်းသွားရဦးမှာမို့ ပြင်ဆင်ရန် အိမ်ထဲဝင်ဟန်ပြင်တော့ မလှမ်းမကမ်းက Mina က လှမ်းတားမြစ်၏။

"မင်း နေဦး"

Chaeyoung က သူ့ကို ဘာလဲ ဟူသောပုံစံနှင့်ကြည့်တော့ ထိုအမျိုးသမီးက မကျေနပ်သလို မျက်နှာထားနှင့် မျက်မှောင်ကုတ်ရင်း ပြန်ကြည့်လာသည်။

"ဘာကိစ္စလဲ"

"မင်းကိုစောင့်ရှောက်ဖို့ အန်တီကသေချာမှာခဲ့လို့ ပြောရဦးမယ်။ ကျောင်းသွားရင် တို့ကားနဲ့ပဲ လိုက်ခဲ့ပါ"

"မလိုဘူး ငါ bus နဲ့ သွားလို့ရတယ်"

"မင်းဘယ်လိုကလေးလဲ။ အကောင်းပြောနေတာကို အကောင်းမထင်ဘူး။ မင်းသဘောလေ။ ဝတ္တရားအရပြောတာ"

Mina က ပြောပြီး သူ့ထက်ဦးအောင် အိမ်ထဲပြန်ဝင်သွားသည်။ Chaeyoung က နှုတ်ခမ်းကိုလျှာဖြင့်တစ်ချက်သပ်ရင်း စဉ်းစားနေမိ၏။ နေစမ်းပါဦး သူငါ့ကို ကလေးလို့ခေါ်သွားတာလား။ ငါက ကလေးလား။

Chaeyoung ဘယ်လိုပုံစံနှင့်ကျန်နေခဲ့သလဲဆိုတာ Mina သိချင်ပါသော်လည်း လှည့်မကြည့်တော့။ သူကပဲအရင် လှည့်ထွက်မည်ဟု ဆုံးဖြတ်ထားပြီးသား။ Son Chaeyoung ကို သူလုပ်ချင်တာလုပ်ခွင့်မပေးနိုင်။ Mina က အိမ်ထဲသို့ပြန်ဝင်လာပြီး မီးဖိုခန်းထဲသို့ လျှောက်လာခဲ့၏။

မနက်စာကို ဘာလုပ်ရကောင်းမလဲ။ ကျောင်းချိန်ကလည်းနီးနေပြီမို့ ထွေထွေထူးထူးလုပ်မနေတော့ပဲ ပေါင်မုန့်ကိုသာမီးကင်လိုက်ပြီး ကော်ဖီဖျော်ထားလိုက်သည်။ သူပြင်ဆင်ပြီးသွားသည်အထိ ဟိုကလေးစုတ်ကိုတော့ အရိပ်တောင်မမြင်ရသေး။

First SnowWhere stories live. Discover now