Zawgyi version
နှစ်အချို့ကြာပြီးနောက်...
အချိန်တွေပြောင်းလဲလာတာကို ပတ်ဝန်းကျင်သဘာဝတရားက ဖော်ဆောင်နေသည်။ နွေရာသီရောက်လျှင် ရွက်ကြွေတောထဲလေရူးကခုန်မည်။ မိုးရာသီရောက်လျှင် မိုးစက်များအကြားတွင် မြစိမ်းရောင်တို့က နေရာယူသည်။ ဆောင်းရာသီရောက်လျှင် နှင်းဝေပြီး အရိုးကွဲအောင်အေးသည်။
ဘယ်ရာသီကိုရောက်ရောက် လွမ်းသည့်စိတ်ကတော့ မပြောင်းမလဲ တည်ရှိနေသည်သာ။ အခုဆိုလျှင် ပြက္ခဒိန်စာရွက်တွေလွှင့်ပစ်ခဲ့ရပြီ။ သူ့စိတ်ကတော့ အဝေးကတစ်ယောက်သောသူကိုသာ ကျန်းမာနေစေကြောင်း ဆုတွေတောင်းလို့။
အစပိုင်းရက်တွေတုန်းကတော့ ခံစားလိုက်ရတာ အလူးအလဲပါပဲ။ ဘယ်လောက်ပဲကျင့်သားရအောင်ကြိုးစားထားထား သူနဲ့တစ်မြေတည်းပေါ်မှာမရှိတော့ဘူး လွမ်းတဲ့အခါ ပြေးသွားတွေ့လို့မရတော့ဘူးဟူသောအသိက စိတ်ကိုညှင်းဆဲနေသည်။
နောက်ပိုင်း အသားကျလာတော့ နေရတာနည်းနည်းအဆင်ပြေလာ၏။ မလွမ်းတော့တာမျိုးလားဆိုတော့မဟုတ်။ အလွမ်းနှင့်နေသားကျသွားတယ်ဆိုမလား။ ရင်ထဲမှာဆူးစူးနေပေမယ့် မနာအောင်နေတတ်သွားသလိုမျိုး။ သို့သော် အကြောင်းတိုက်ဆိုင်တာလေးတွေရှိလာရင်တော့ ဝေဒနာက ဆိုးဆိုးရွားရွား။
တစ်ခါတစ်ရံ စတော်ဘယ်ရီချောကလက်စားမိတိုင်းမှာ။ တစ်ခါတစ်ရံတော့ bus ကားစီးရင်းနဲ့။ တစ်ခါတစ်ရံတော့ ကျောင်းထဲသွား လမ်းလျှောက်ရင်းပေါ့။ ရယ်ဖို့ကောင်းတာတစ်ခုက သူ့မှာလွမ်းလို့ပြန်ကြည့်ဖို့တောင် နှစ်ယောက်တွဲပုံတစ်ပုံမှမရှိ။
လူဆိုတာကလည်းခက်သည်။ အမှတ်တရဆိုတာတွေကို ဖက်တွယ်ထားလွန်းတော့ အမှတ်တမဲ့လေးတွေကအစ အသေးစိတ်သိနေတာ။ သည်တော့ သူသွားကြည့်တဲ့နေရာတိုင်းကအရိပ်တွေက သူ့ကိုခြောက်လှန့်လို့။
အထူးသဖြင့် အိမ်မှာနေတဲ့အချိန်တွေ။ မမထွက်သွားပြီးနောက်ပိုင်း မီးဖိုခန်းထဲဝင်ရင် ပြင်းပြင်းထန်ထန်သတိရသလို တံခါးခေါက်သံကြားတိုင်းလည်း မမများလားဟူသောစိတ်နှင့် ခဏခဏ ရူးရတော့မလို။ နေရာတိုင်းမှာ မမရှိခဲ့တာမို့ သူဘယ်လိုမှလွတ်အောင်မရှောင်နိုင်ပါ။
YOU ARE READING
First Snow