Zawgyi version
Son Chaeyoung က ဘာဖြစ်ချင်နေတာလဲ။ ဘယ်အရာက သူ့ကိုအလိုမကျစေနေရတာလဲ။ ဘာလို့ ဒီကောင်မလေးက ဒီလောက်တောင် ပျော်ပျော်မနေတတ်ပဲ သုန်မှုန်နေရတာလဲ။
Mina က ဘဝင်မကျစွာနှင့် မျက်မှောင်ကုတ်ရင်း ပြတင်းတံခါးအပြင်မှ လမ်းပေါ်တွင်သွားလာနေကြသောသူများကို ငေးကြည့်နေမိ၏။ Chaeyoung နှင့်စကားများလာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဂိမ်းကစားချင်စိတ်မရှိပဲ bus ပေါ်တွင် ဒီအတိုင်းထိုင်နေဖြစ်ခဲ့သည်။
Chaeyoung က အပေါက်ဆိုးသည်။ ရိုင်းသည်။ သူ့အပေါ်လည်း မချေမငံဆက်ဆံလွန်းသည်။ ဒါဆို ဘာလို့ သူ့အကြောင်းကိုစိတ်ဝင်စားနေမိတာလဲ။ အဓိကကတော့ သူတစ်ခါမြင်ဖူးလိုက်သော အားငယ်စိတ်ပျက်နေသည့် အငိုမျက်ဝန်းများကြောင့်ဖြစ်မည်ထင်ရ၏။ ထိုမျက်ဝန်းများက သူ့စိတ်ထဲအထိရောက်နေပြီး အချေကောင်လုပ်ထားသော Chaeyoung ကို မျက်နှာဖုံးတစ်ခုဟုသာ ထင်မှတ်နေမိသည်။
ကားပေါ်ကဆင်းတော့လည်း ထိုအကြောင်းကိုပဲဆက်တွေးနေပြီး ကျောင်းထဲသို့ စိတ်မပါလက်မပါလျှောက်ဝင်လာမိ၏။ သူ့ကို တစ်စုံတစ်ယောက်က အိတ်ကြိုးကိုဆွဲပြီး စသောအခါကျမှ Mina တစ်ယောက်သတိဝင်ပြီး ဘယ်သူလဲကြည့်လိုက်တော့
"Jeongyeon-ah"
" နင်က ငါ့ကိုတောင်မမြင်ဘူး။ ဘာတွေတွေးနေတာလဲ။ ခေါ်နေတာမကြားဘူးလား"
"ဆောရီး"
Mina လည်း မျက်နှာပူပူနှင့်ပင် သူ့ထက်ခေါင်းတစ်လုံးမြင့်သော Jeongyeon ကို မော့ကြည့်ရင်း ရယ်ပြလိုက်ရ၏။ Yoo Jeongyeon ကတော့ ထုံးစံအတိုင်း သူ့ကို ပြုံးကြည့်နေသည်။ ဒီသူငယ်ချင်းက ရုပ်ချောကြည့်ကောင်းသည့်အပြင် ချမ်းသာသောအသိုင်းအဝိုင်းကပေါက်ဖွားလာသူမို့ ကျောင်းတွင်ရေပန်းစားလှ၏။ Yoo Jeongyeon ၏ကားပေါ်တွင်ပါသွားသောရည်းစားများက တစ်ပတ်တစ်ယောက်လောက်နီးနီး။
တကယ်တော့ ထိုကောင်လေးကောင်မလေးအားလုံးကို Jeongyeon က အပျော်သက်သက်သာတွဲနေခြင်းဖြစ်သည်။ ရည်းစားများကြောင်း သူငယ်ချင်းတွေကပြောလျှင် သူတို့တောင်ကျေနပ်လို့တွဲသေးတာပဲဟုသာ ပြန်ပြောတတ်၏။
ESTÁS LEYENDO
First Snow