Zawgyi version
တံခါးလက်ကိုင်ကိုအသာလေးလှည့်လိုက်တော့ အလွယ်တကူပဲပွင့်သွား၏။ အခန်းထဲကိုချောင်းကြည့်လိုက်တော့ စောင်ပုံလေးကဒီအတိုင်းပဲရှိသေးသည်။ မနိုးသေးဘူးပဲ။
သူလျှောက်ဝင်လာသောလမ်းတစ်လျှောက်တွင် ဆေးဘူးခွံများက ကြမ်းပေါ်တွင်ပျံ့ကျဲလို့။ ထောင့်တစ်ထောင့်တွင် ဆွဲလက်စတစ်ကားက ရှိနေသေးသည်။ ပုံက ပင်လယ်ပြင်လား။ သူတွေးရင်း အမှတ်တရတွေကိုသတိရတော့ ပြုံးမိပြန်သည်။
ကုတင်ပေါ်ကိုလှမ်းကြည့်လိုက်တော့ စောင်ပေါ်တွင် ကားယားခွကာ ကွေးကွေးလေးအိပ်ပျော်နေသော သူ့ကလေး။ ပင်ပန်းရှာမှာပဲ။ deadline နားကပ်နေပြီဖြစ်တာမို့ နေ့ရောညပါဆွဲနေသည်ထင်၏။
Mina က တွေးလိုက်ရင်း အရင်ဆုံးပြတင်းပေါက်ဆီလျှောက်သွားကာ ခန်းစီးလိုက်ကာစကိုဖယ်လိုက်တော့ နံနက်ခင်းနေရောင်က အခန်းတွင်းသို့ပြေးဝင်လာသည်။
"Hmmm"
မျက်စိစူးသွားသော Chaeyoung က မျက်နှာကိုရှုံ့ပြီး တစ်ဖက်လှည့်သွားတော့ Mina တခိခိရယ်မိသည်။ သူက Chaeyoung လှည့်သွားသောဘက်သို့လိုက်ပြီး ကြမ်းပေါ်တွင်ထိုင်ကာ ကုတင်ပေါ်လက်တင်ရင်း ပြုံးကြည့်နေ၏။
ပါးစပ်ကလေးဟပြီး အိပ်ပျော်နေပုံက ကလေးလေးအတိုင်း။ Mina လည်း စချင်လာပြီး နှာခေါင်းလုံးလုံးလေးကို အသာလေးဆွဲဖျစ်တော့ Chaeyoung က မျက်စိမဖွင့်ပဲ နှာခေါင်းရှုံ့သွားသည်။
"ငပျင်း ထတော့"
"အိပ်ဦးမယ် ညကနောက်ကျသွားလို့"
Chaeyoung က ဗလုံးဗထွေးပြန်ပြောပြီး ဆက်အိပ်ဖို့ကြိုးစားနေသည်။ Mina က သူခွထားသောစောင်ကို အတင်းဆွဲယူကာခေါက်လိုက်တော့ Chaeyoung က မကျေမနပ်နှင့် မျက်လုံးဖွင့်ကြည့်၏။
"ခင်ဗျားနော် အိပ်ချင်သေးပါတယ်ဆို"
"ထတော့ ကျောင်းအတူတူသွားရအောင်"
"လိုက်တော့ဘူး နေ့လည်မှသွားမယ်"
"ထပါဆို"
Mina က ပြောပြီး Chaeyoung လက်နှစ်ဖက်ကိုဆွဲကာ အတင်းဆွဲထူလိုက်သည်။ Chaeyoung က ပျင်းရိပျင်းတွဲနှင့် အိပ်ရာပေါ်တွင်ထထိုင်လိုက်ပြီး မျက်လုံးများကိုပွတ်ကာ သမ်းဝေနေ၏။
ESTÁS LEYENDO
First Snow