Zawgyi version
Chaeyoung က လူတစ်မျိုး။ သူ့ကိုစမြင်မြင်ချင်း မြုံစိစိနှင့် ပေါင်းသင်းဆက်ဆံရခက်မည့်လူဟု ထင်ချင်စရာ။ တကယ်တမ်း ရင်းနှီးသွားပြီဆိုရင်တော့ သူက ဒီလောက်ဆိုးတဲ့သူမဟုတ်မှန်း သိသွားကြပေလိမ့်မည်။
သူ့အကြောင်းကို ရင်းရင်းနှီးနှီးသိတာက Dahyun နှင့် Tzuyu။ မေဂျာတူသူငယ်ချင်းများမဟုတ်သော်လည်း အထက်တန်းကတည်းကရင်းနှီးခဲ့ကြသည်မို့ တက္ကသိုလ်မှာလည်း ဆက်တွဲဖြစ်ကြ၏။ သူတို့က Chaeyoung ကို သူတို့အပြင် အခြားအပေါင်းအသင်းများရှိစေချင်သော်လည်း Chaeyoung ကတော့ သိပ်စိတ်မဝင်စား။ ထို့ကြောင့် ဒီနေ့ Chaeyoung ကို ကန်တင်းတွင် သူစိမ်းတစ်ယောက်နှင့်ထိုင်၍ တရင်းတနှီးစကားပြောနေတာမြင်လိုက်ရတော့ သူတို့မှာအံ့ဩကြရ၏။
"နင်ဘာလို့ အတန်းမတက်တာလဲ"
Tzuyu က စာအုပ်များကို စားပွဲပေါ်တင်ရင်း ထိုင်တောင်မထိုင်ရသေးပဲမေးလိုက်တော့ Chaeyoung က ရယ်ကျဲကျဲလုပ်နေ၏။
"ညက ပြဿနာနည်းနည်းရှိလို့ မနက်အိပ်ရာထနောက်ကျသွားတာ။ ဆောရီး"
"ဟယ် Tzuyu ဧည့်သည်ရှိနေတယ်လေ"
Dahyun က Tzuyu ကိုဝင်ထိန်းရင်း သူမသိသောသူစိမ်းလေးကို အရိပ်အကဲခတ်ကာ ပြောလိုက်၏။ Somi က တောက်ပစွာပြုံးလိုက်ရင်း
"ဒီက Chaeng သူငယ်ချင်းတွေထင်တယ်။ ငါက Jeong Somi ပါ။ ပထမနှစ် ဂီတမေဂျာက"
"ဟုတ် ငါက Kim Dahyun ပါ။ ပြဇာတ်မေဂျာက။ သူကတော့ Chou Tzuyu တူရိယာမေဂျာက။ တွေ့ရတာဝမ်းသာပါတယ်"
Tzuyu ကတော့ ဘာမှဝင်မပြောပဲ မှာထားသောစားစရာကိုသာစားနေ၏။ Somi က အတော်လေးတော့ ပေါင်းသင်းဆက်ဆံရေးကောင်းသည်။ Chaeyoung နှင့်သာမက Dahyun Tzuyu နှင့်ပါ တစ်ခဏချင်းအတွင်း ရင်းနှီးလာ၏။ သူတို့သုံးယောက်ကို ငယ်ပေါင်းကြီးဖော်များအလား တရင်းတနှီးပြောရင်း နည်းနည်းမှရှိန်မနေပဲ နေ့လည်စာကိုလည်း အေးအေးဆေးဆေးပင်စားနေသည်။ ဒီလို cool ဖြစ်သောပုံစံကြောင့် Chaeyoung နှင့် ချက်ချင်းရင်းနှီးခဲ့၏။
"Mina သွားကြမယ်လေ"
"ဪ အေး အေး"
သူတို့မမြင်ခဲ့ကြတာကတော့ ဒီဘက်စားပွဲမှာထိုင်နေကြသည့် Mina တို့ သူငယ်ချင်းအုပ်စုကိုပင်။ Mina သည် Chaeyoung နှင့် Somi ကို လမ်းမှာကတည်းက တွေ့ခဲ့ခြင်းဖြစ်၏။ သူဘဲလေးကလပ်ကပြန်လာပြီး ကန်တင်းကိုလာသည့်လမ်းတွင် သူတို့နှင့်တည့်တည့်တိုးခဲ့ခြင်းပင်။
ČTEŠ
First Snow