Episode 13

898 112 1
                                        

Zawgyi version


ငါ သူ့ကိုဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ

Mina ကတွေးရင်း အိပ်ရာမှမထသေးပဲ မျက်နှာကို လက်ဖဝါးနှင့်အုပ်ထားလိုက်၏။ မျက်စိမှိတ်လိုက်တော့ Chaeyoung ၏ ရယ်ချင်နေသောမျက်နှာပြောင်စပ်စပ်က အတွေးထဲတွင်ပေါ်လာပြီး သူ့ကိုရယ်ပြနေသည်။ ခေါင်းထဲကထွက်သွားပါတော့ လူဆိုးကောင်ရယ်။

Mina က အိပ်ရာထဲတွင် ခဏလူးလိမ့်ရင်း Chaeyoung နှင့်တွေ့သောအခါ ဘာပြောရမလဲဆိုတာကို စဉ်းစားနေမိသည်။ နောက်ဆုံးတွင်တော့ ကျောင်းသွားဖို့ပြင်ရဦးမည်ဖြစ်သည့်အတွက် အိပ်ရာမှထဖို့ ဆုံးဖြတ်လိုက်ရ၏။

သူအောက်ထပ်သို့ဆင်းလာတော့ Chaeyoung ကို မတွေ့။ ဒီကလေး မနိုးသေးဘူးထင်တယ်။ Mina က မီးဖိုထဲသို့ဝင်လာပြီး ရေခဲသေတ္တာဖွင့်လိုက်တော့ တစ်ဝက်စားထားသောချောကလက်ဗန်းက သူ့ကိုစောင့်နေသည်။

သူအများကြီးစားထားတာပဲ။ Mina လည်း အတွေးနှင့်ကြည်နူးသွားပြီး အလိုလိုပြုံးမိသွား၏။ ထို့နောက် ရေခဲသေတ္တာထဲမှ ဒိန်ချဉ်ကိုထုတ်လိုက်စဉ် အနောက်တွင်ထည့်ထားသောဘူးတစ်ခုကို တွေ့လိုက်ရသည်။

ဘာလေးပါလိမ့်။ လက်ဆောင်ပေးမည့်ပုံနှင့် သပ်သပ်ရပ်ရပ်ထုပ်ထားသောထိုဘူးလေးကို စူးစမ်းလိုစိတ်နှင့် Mina လှမ်းယူလိုက်စဉ်မှာပင် သူ့လက်ထဲမှ တစ်စုံတစ်ယောက်က ပြန်ဆွဲယူသွား၏။

"သူများဟာကို ဘာလို့ယူကိုင်တာလဲ"

Chaeyoung က ခပ်မြန်မြန်ပြောရင်း ထိုဘူးကို ကျောပိုးအိတ်ထဲသို့ထည့်လိုက်သည်။ Mina က ဝတ်စုံပြည့်နှင့် ကျောင်းသွားရန်အဆင်သင့်ဖြစ်နေပြီဖြစ်သော Chaeyoung ကိုကြည့်ပြီး မျက်မှောင်ကုတ်သွား၏။

"မင်းကအစောကြီးနိုးနေတာပဲ"

"ဟုတ်တယ် အတန်းကစောလို့"

"တို့ကားနဲ့လိုက်မလား"

ပြောပြီးကာမှ Mina လည်း Jeongyeon နှင့်ချိန်းထားသည်ကို ပြန်သတိရသွားပြီး Chaeyoung ပြန်မဖြေခင် ပြန်ပြင်ပြောလိုက်ရ၏။

"ဆောရီး လိုက်လို့မရဘူး။ တို့ ဒီနေ့ ကားမယူဘူး။ မင်းယူချင်ယူသွားလေ"

First SnowDonde viven las historias. Descúbrelo ahora