Zawgyi version
Chaeyoungie
ဘယ်နှခါမြောက်မှန်းမသိ အော်ခေါ်နေမိတဲ့နာမည်။ မျက်စိရှေ့တင် လဲကျသွားသည်မှစ ကားပေါ်ဆွဲတင်ကြသည်အထိ ဒီကလေး၏အင်္ကျီစကို မလွှတ်တမ်းဆွဲထားမိပြီး ပါးစပ်ကလည်း အရူးလိုတောက်လျှောက်ခေါ်နေခဲ့မိသည်။
ကားကို ဘယ်သူမောင်းနေမှန်းမသိပေမယ့် နောက်ခန်းမှာတော့ Chaeyoung နှင့်သူ နှစ်ယောက်တည်း။ Chaeyoung က သတိလက်လွတ်စွာနှင့် သူ့ပေါ်တွင်အရုပ်ကြိုးပြတ်မှီလို့။ ရေခဲလိုအေးစက်နေသော လက်ကလေးကို ဖွဖွဆုပ်ကိုင်ပြီး သူ့ပခုံးပေါ်သေချာမှီစေတော့ ခြစ်ခြစ်တောက်ပူနေသောကိုယ်အပူချိန်က သူ့ကိုနှစ်ဆလောင်မြိုက်စေသည်။
ဒီလောက်တောင်ဖျားနေခဲ့တာလား။ ဘာလို့ငါကမသိခဲ့ရတာလဲ။
သူ့ကိုယ်သူအပြစ်တင်ရင်း Chaeyoung များနိုးလာလေမလားဟူသောစိတ်နှင့် ဆက်တိုက်ဆိုသလို ခေါ်နေခဲ့မိ၏။
အားတင်းထားနော် ကလေး ဘာမှဖြစ်သွားလို့မဖြစ်ဘူး
ကားမောင်းသူက BamBam ဖြစ်နေပြီး သူတို့ကို အနီးဆုံးဆေးရုံဆီသို့ တိုက်ရိုက်ခေါ်သွား၏။ ကားကဆေးရုံရှေ့ရပ်ရပ်ချင်း ထရော်လီကိုတွန်းကာပြေးလာကြသော ဆေးရုံဝန်ထမ်းများက Chaeyoung ကို သူ့လက်ထဲမှ ခေါ်သွားကြသည်။
"လူနာအကြောင်းသိတဲ့သူတစ်ယောက်လောက်"
ဂျူတီကုတ်ကိုဝတ်ထားသောဆရာဝန်တစ်ဦးကခေါ်တော့ Mina လိုက်သွားမည်ပြုသော်လည်း နောက်ကားတစ်စီးနှင့်လိုက်လာသော Sana က သူ့ကိုဆွဲထားပြီး Tzuyu ကိုသွားခိုင်းလိုက်တော့ Mina မျက်မှောင်ကုတ်ရ၏။
"နင်က မသိဘူးလေ Mina ရဲ့။ Chaeng က နေ့လည်ကတည်းကဖျားနေတာ။ ငါတို့ရှေ့တင်အန်နေခဲ့တာမို့ TzuTzu ကိုပဲ ဖြေခိုင်းလိုက်။ နင်ဖြေရင် ကျန်ခဲ့တာတွေရှိနေလိမ့်မယ်"
Mina က Sana တောင်သိသောအခြေအနေတစ်ခုကို သူမသိသည့်အတွက် ဝမ်းနည်းမှုက ပိုလာသည်။ လူနာစောင့်များကိုအဝင်မခံသည့်အတွက် Mina လည်း အပြင်က လူနာစောင့်အတွက်ခုံတန်းလေးတွင်သာ ခြေပစ်လက်ပစ်ထိုင်ချလိုက်ရ၏။
YOU ARE READING
First Snow