Episode 18

874 104 8
                                        

Zawgyi version

ဗလာလိုဖြစ်နေသော ဟာလာဟင်းလင်းရင်ဘတ်နှင့် အနုပညာတစ်ခုကိုဖန်တီးလို့မရ။ ခေါင်းထဲမှာလည်း ရှုပ်ထွေးနောက်ကျိနေပြီး မူးရိပ်မူးရိပ်ဖြစ်နေသည်။

လက်ကစုတ်တံကိုကျစ်ကျစ်ပါအောင်ကိုင်ရင်း မတော်တဆဖိလိုက်မိတော့ ကင်းဗတ်စမှာ ဆေးအကွက်ကြီးထင်သွား၏။ ပျက်စီးသွားပေမယ့် ပစ်ရမည့်အတူ ဘာမှတော့မထူး။

အာရုံဝင်စား၍မရတာလို့ပဲပြောရမလား။ အရေးကြီးသည့်အချိန်ကျမှ ပုံကောင်းကထွက်မလာ။ အချိန်ကတော့ နှစ်လလောက်လိုနေသေးသည့်အတွက် ကောင်းစွာရနေသေးသည်။ ကြားထဲမှာတော့ လက်ရာကောင်းတစ်ခု ရကောင်းပါရဲ့။

အိတ်ထဲမှ အဆက်မပြတ်အော်မြည်လာသောဖုန်းလေးကြောင့် Chaeyoung လည်း လက်ကို Apron ပေါ်တွင် တစ်ချက်ပွတ်သုတ်ကာ အိတ်ထဲမှဖုန်းကို ဆွဲထုတ်လိုက်သည်။

Somi က အခုတလော သူ့ပြဇာတ်ကိစ္စများနှင့်မအားလပ်သည့်အတွက် သူ့ဆီကို ခဏခဏမလာနိုင်တော့။ ထို့ကြောင့် ဖုန်းသာမကြာခဏဆက်ဖြစ်နေ၏။

"အင်း Somi"

"သဲလေးရေ ငါ့ကိုမလွမ်းဘူးလား"

"နောက်မနေနဲ့တော့ ဘာလဲ"

"ဘာမှမဟုတ်ပါဘူး ညနေကျအားလားမေးတာ။ အားရင် Director ကြီး ပါတီ သွားကြမယ်လေဟာ"

ဟုတ်ပါရဲ့။ သူမေ့နေတာ။ Director Im Nayeon က သူ့အိမ်မှာ ပါတီပေးမှာတဲ့။ သူ့ကိုဖိတ်ထားတာပဲ။

ပါတီသွားတာက အရေးမကြီးပါဘူး။ အရေးကြီးတာက မမ ပါ အဲ့မှာရှိနေမှာလေ။

"ဟိုနှစ်ကောင်ကိုပါ ဖုန်းဆက်ထားပြီးသား။ သူတို့ကလာမယ်တဲ့"

Dahyun နှင့် Tzuyu ကလည်း instrumental ပိုင်းအတွက် ကျောင်းကပွဲတွင်ပါဝင်ရမယ့်အကြောင်း Chaeyoung သိထားပြီးဖြစ်သည်။

"သူငယ်ချင်းတွေအကုန်သွားကြမှာဆိုတော့ နင်လာခဲ့ပါဟာ နော်"

Somi က တောင်းပန်တိုးလျှိုးသံပေါက်လာတော့ Chaeyoung မနေနိုင်တော့ပါ။ ဒီသူငယ်ချင်းမလေးက သူ့အပေါ်အရမ်းကောင်းသည့်အတွက် သူကလည်း Somi စိတ်ကျေနပ်အောင် ပြန်လုပ်ပေးချင်ပါသည်။ ပြီးတော့ ပါတီဆိုတော့ လူများမှာပဲ။ မမကို ဘယ်သူမှမမြင်အောင် သူစောင့်ကြည့်ပေးနေလို့ရသည်။

First SnowTahanan ng mga kuwento. Tumuklas ngayon