Zawgyi version
"အာ နေလို့ထိုင်လို့ တကယ်မကောင်းတာပဲ"
Chaeyoung က ဘောင်းဘီအိတ်ကပ်ထဲသို့ လက်ထည့်ထားကာ bus ပေါ်မှဆင်းလာရင်း တီးတိုးရေရွတ်လိုက်သည်။ အိမ်ကထွက်လာပြီးကတည်းက ခေါင်းထဲတွင် Mina Myoui အကြောင်းများက နေရာယူနေတာမို့ သူ့ကိုယ်သူလည်းမကျေနပ်။ ဒီအမျိုးသမီးက ဘာမို့လို့လဲ။
တွေးကြည့်လိုက်တော့ သူ့ကိုအမြဲတမ်းစူးစိုက်ကြည့်နေတတ်သည့် မျက်နှာတည်တည်နှင့် Mina ပုံရိပ်က ပေါ်လာပြန်သည်။ ရုပ်တည်ကြီးကနေ ဖျတ်ခနဲ smirk တစ်ချက်နှင့်ပြုံးတာမျိုး။ အမြင်ကတ်စရာကောင်းလိုက်တာ။ ဆရာမကြီးပုံနဲ့။
Mina အကြောင်းတွေးတော့ သူ့ဘေးမှာဝဲနေတတ်တဲ့ ပြိုင်ကားနဲ့သူဌေးပုံက ကပ်ပါလာသည်။ သူ့အိတ်ထဲကို ပိုက်ဆံအလိပ်လိုက်လာထည့်ပေးတဲ့ပုံက သူ့ကိုလှောင်နေသယောင်။ အဲ့ဒီသူကဘယ်သူလဲ။ Mina ကရော ဘာလို့သူနဲ့တတွဲတွဲရှိနေရတာလဲ။
မဖြစ်သေးပါဘူး။ ဒီအမျိုးသမီးအကြောင်း မတွေးစမ်းပါနဲ့။ Chaeyoung က သူ့ကိုယ်သူသတိပေးရင်း ကျောင်းဝင်းထဲသို့လျှောက်ဝင်လာခဲ့သည်။ တစ်မနက်လုံး အတန်းတက်နေရသော်လည်း အာရုံဝင်စားမှုသိပ်မရှိလို့ ဆွဲသမျှပုံကောင်းမရခဲ့။ ထို့ကြောင့် နေ့လည်စာစားပြီး ခေါင်းရှင်းလိုက်မည်ဟုတွေးကာ ကန်တင်းဘက်သို့ ထွက်လာခဲ့သည်။
သူတို့အတန်းမှ ကန်တင်းသို့သွားရာလမ်းတွင် ကား Parking ကို ဖြတ်ရသေးသည်။ Chaeyoung လည်း ဘာရယ်မဟုတ် Parking ရှေ့မှဖြတ်အလျှောက် သူမှတ်မိနေသောသဏ္ဍာန်တစ်ခုကို လှမ်းမြင်လိုက်ရ၏။
ဟင်းးး Mina Myoui ပါလား
Mina က တစ်နေရာသွားမည့်ပုံနှင့် ကားပါကင်ထဲတွင် ကားကိုမှီကာ ရပ်နေသည်။ ဘာလဲ တစ်ရက်လောက် ကားပါလာတာနဲ့ ကျောင်းပြေးတော့မှာလား။ Chaeyoung က တွေးပြီးမျက်မှောင်ကုတ်လိုက်မိ၏။ မျက်နှာချင်းဆိုင်တွင်တော့ ထုံးစံအတိုင်း သူနှင့်မစိမ်းသော အရပ်ရှည်ရှည်နှင့် Mina သူငယ်ချင်းက သူ့ပြိုင်ကားအနက်ကိုမှီကာ Mina နှင့် ရယ်မောစကားပြောနေသည်။
သူငယ်ချင်းရောဟုတ်ရဲ့လား ချစ်သူများလား။
Chaeyoung တွေးနေခိုက်မှာပင် Mina အကြည့်တွေက သူရပ်နေသောနေရာဘက်ကိုဝဲလာတော့ ကပျာကယာ လူကိုနောက်သို့ဆုတ်လိုက်မိ၏။ ပြီးမှ Mina နေရာက သူ့ကိုမမြင်နိုင်တာပြန်တွေးမိပြီး သက်ပြင်းချနိုင်တော့သည်။
KAMU SEDANG MEMBACA
First Snow