Episode 22

874 101 8
                                    

Zawgyi version

ရွှေရောင်တွေလွှမ်းနေသောပင်လယ်ကို အလွမ်းပင်လယ်ဟုခေါ်ကြောင်း ထွေထွေထူးထူးရှင်းပြနေဖို့ လိုတော့မည်မထင်ပါ။ သူ့ရှေ့တွင်တော့ အလွမ်းပင်လယ်တစ်ခုကို ရင်ထဲကထုတ်ပြီး ကင်းဘတ်စပေါ်တင်ထား၏။

သူဆေးရုံမှာတစ်ရက်တက်ခဲ့ရပြီး နောက်တစ်နေ့မှာပင် ဆေးရုံဆင်းခွင့်ရရှိခဲ့ပါသည်။ ထိုနေ့က resort သို့လည်း ပြန်ချင်စိတ်မရှိကြသည့်အတွက် ဆေးရုံကနေပဲ Seoul သို့တိုက်ရိုက် ပြန်လာခဲ့ကြရ၏။

ထို့နောက်တွင်တော့ နှစ်ပတ်ကျော်သာလိုတော့သည့် ကျောင်းနှစ်ကုန်ပွဲတော်အတွက် ကိုယ်စီကိုယ်ငှအလုပ်ရှုပ်နေကြတာမို့ အားလုံးမအားလပ်နိုင်အောင်ရှိနေသည်။ အထူးသဖြင့် ကပွဲတွင်ပါဝင်သောသူများက ကျောင်းတွင် နေ့ရောညပါ လေ့ကျင့်နေကြရသည်မို့ ဘယ်သူနဲ့မှမတွေ့ဖြစ်။

"အဲ့တော့ အဆုံးသတ်လိုက်တော့ အားနာစရာအကောင်းဆုံးက BamBam oppa ကိုဖြစ်နေခဲ့တယ်"

Chaeyoung က ရွှေအိုရောင်ဆေးအချို့ကို ကင်းဗတ်စပေါ်တွင်ထပ်ဖြည့်လိုက်ရင်း သဘာဝတရားကြီးနှင့် စကားပြောနေသည်။ သူ့ဘေးကဦးလေးကြီးကတော့ ထုံးစံအတိုင်း airpod နားတပ်ထားပြီး ငါးမျှားတံတစ်ချောင်းနှင့်။

"စဉ်းစားကြည့်ရင် သူခေါ်သွားတဲ့ခရီးကိုလိုက်ပြီး သူလုပ်ပေးတာတွေလက်ခံခဲ့ပေမယ့် သူ့အတွက်ကျ ဘာမှမကူညီနိုင်ခဲ့တဲ့အပြင် အပြစ်တောင်လုပ်မိသလိုဖြစ်နေသေးတယ်။ ခံစားချက်ကတော်တော်ကိုမကောင်းတာပါ"

Chaeyoung က လိမ္မော်ရောင်အချို့ကို မိုးကုပ်စက်ဝိုင်းနားတွင်ထပ်ဖြည့်လိုက်၏။

"ပြီးတော့ မမကိုလည်း သနားတယ်။ အရာအားလုံးကို သူတစ်ယောက်တည်းလုပ်နေရသလိုပဲ"

သူက သက်ပြင်းကိုချလိုက်ရင်း အပြီးသတ်ခါနီးပန်းချီကားကို နောက်သို့ဆုတ်ကာကြည့်လိုက်၏။

"အမှန်အတိုင်းပြောရရင် ကြောက်နေတာ။ အခုထက်ထိလည်းကြောက်နေတုန်းပဲ။ ထောက်ထားစရာတွေအများကြီးရှိတဲ့အထဲက အရင်ဆုံးတွေးမိနေတဲ့သူက မေမေ"

First SnowDonde viven las historias. Descúbrelo ahora