Zawgyi version
ဓာတ်ပုံကူးသောအမှောင်ခန်းလေးထဲတွင် ငြိမ်သက်စွာရပ်နေရင်း ဓာတ်ပုံကို ညှပ်ကလေးနှင့် သူသေချာစွာဆွဲမလိုက်သည်။ ပြီးတော့ ရေစက်လက်နှင့်ပင် ချိတ်ကလေးမှာချိတ်လိုက်တော့ အဖြူရောင်နတ်သမီးလေးကို မှိန်ပျပျမီးရောင်လေးအောက်တွင် မြင်လိုက်ရ၏။
မမကလှလိုက်တာ
Chaeyoung က တွေးရင်းပြုံးလိုက်ကာ နောက်ပုံတစ်ပုံကိုကူးရန် ပြင်လိုက်သည်။ ကျောင်းပွဲတော်အတွက် အကုန်အလုပ်ရှုပ်နေကြသည့်အတွက် ဒီနေ့အတန်းမရှိသဖြင့် သူတစ်နေကုန်အားနေ၏။ deadline ကတည်းက ပုံကအပ်ပြီးပြီမို့ သူလုပ်စရာမကျန်တော့။
ပြခန်းပြင်ဆင်တာပြီးပြီဆိုမှ သွားကြည့်လိုက်ရုံပဲကျန်တော့၏။ မနက်ဖြန်ဆိုလျှင် ကျောင်းပွဲတော်ကိုရောက်ပြီ။ အကောင်းဆုံးလုပ်ပြနိုင်ဖို့အတွက် ကျောင်းသားတိုင်းပြင်ဆင်နေကြသကဲ့သို့ Mina လည်း ပြင်ဆင်နေမှာ သေချာသည်။
အခုတလော Mina နှင့် အိမ်တွင်ပင်မတွေ့တော့။ Somi ပြောပုံအရ ဒီည ကပွဲပါသောသူများအားလုံး ညဥ့်နက်သည်အထိ rehearsal ကျင့်ကြမည်ဖြစ်ပြီး ကျောင်းမှာပဲ အိပ်ကြရမည်ဟု သူသိထားသည်။
Chaeyoung လည်း ပုံကူးခြင်းကိစ္စပြီးသွားသောအခါ ဓာတ်ပုံများကို သိမ်းဆည်းလိုက်ပြီး အပြင်သို့ထွက်လာခဲ့၏။
"ဝင်လို့ရပြီလား"
"ဟုတ် အပြင်မှာလူရှိနေတာမသိလိုက်လို့ ဆောရီးပါနော်"
ဓာတ်ပုံမေဂျာက ကျောင်းသူတစ်ယောက်နှင့်တည့်တည့်တိုးတော့ Chaeyoung မှာ နှုတ်ဆက်ရသေးသည်။ သူက ပုံလေးများကို ကျောပိုးအိတ်ထဲထည့်လိုက်ရင်း မနေ့က သူ့ဆီဖုန်းဆက်ထားသော Sana unnie ထံသို့ ပြန်ဆက်လိုက်၏။
"Unnie ပုံတွေရပြီ"
"ဟုတ်လား Chaeng ကျေးဇူးပါ။ ဘယ်ကိုလာယူရမလဲ"
"သမီးကကျောင်းမှာပဲရှိသေးတယ် လာပေးပေးရမလား"
"အဲ့တာဆိုရင် အားနာရတော့မှာပဲ"
"ရပါတယ် ဘယ်ကိုလာပေးရမလဲ"
"ကဇာတ်ရုံကိုပဲပေါ့"
VOCÊ ESTÁ LENDO
First Snow