Chapter 14

917 105 7
                                        

Zawgyi version

လက်ဖဝါးမှာ အမှားကြက်ခြေနဲ့လူ
တခြားသူအတွက်ပျိုးထားတဲ့ပန်း
ဘယ်စိတ်နဲ့နမ်းရမလဲ...

ဆုတောင်းမပြည့်ရင်နေ
ကြွေကျဖို့သက်သက်နဲ့တော့
ကြယ်တွေစီးချင်းမထိုးပါနဲ့...

ရင်ကိုခွဲပြီးနှလုံးသားထက်မှာ
အိပ်စက်အနားယူနေတဲ့လနတ်သမီးလေး
လန့်နိုးသွားမှာစိုးလို့ပါ...



နံနက်ခင်း၏အလင်းစက်က နှင်းထုကိုခွင်းဖောက်ပြီး မြေကမ္ဘာပေါ်ဖြာကျနေသည်။ အရည်ပျော်ကျနေသောဆီးနှင်းတို့က လမ်းမပေါ်တွင် ဟိုတစ်စသည်တစ်စ။

လမ်းမချော်အောင် သတိထား၍မောင်းလာသော Mina က ကားကို parking ထဲသို့ချိုးကွေ့ဝင်လိုက်ပြီး နေရာတွင်စနစ်တကျရပ်လိုက်သည်။ Chaeyoung က ဖုန်းသုံးနေရာမှ ခေါင်းထောင်ကြည့်၍ ကျောင်းရောက်ပြီမှန်းသိသွားသောအခါ ဖုန်းကိုဘောင်းဘီအိတ်ထဲထိုးထည့်လိုက်ပြီး seatbelt ကို ဖြုတ်လိုက်၏။

"လိုက်ပို့တာကျေးဇူးပဲ"

"ရပါတယ်။ ညနေပြန်လိုက်မှာလား"

"မသိသေးဘူး။ လိုက်မယ်ဆိုရင် ပြောမယ်လေ"

"အိုခေ"

Chaeyoung က Mina ကိုနှုတ်ဆက်ပြီး Mina ထက်အရင် ကားပေါ်မှပြေးဆင်းလိုက်သည်။ ကားတစ်စီးတည်းစီး၍ ကျောင်းအတူတူလာတက်ရသည်မှာအဆင်ပြေသော်လည်း ကျောင်းဝန်းထဲတွင် အတူလမ်းလျှောက်ပြီး အခြားသူများ၏အတန်းရှင်းကိုရတာအထိတော့ Chaeyoung မျှော်လင့်မထား။

ပြောရရင်တော့ သူက လူမသိသူမသိ သာမန်အညတရကျောင်းသား။ အနုပညာနှင့် သိပ္ပံပညာကို အချိုးကျကျပေါင်းစပ်ထားသည့် ပန်းချီပညာနှင့် အရောင်များကိုကိုင်တွယ်ကာ ကမ္ဘာကြီးကို အရုပ်ရေး ဆေးခြယ်ချင်တဲ့သူ။

Mina ကတော့ တတိယနှစ်က နာမည်ကြီးဘဲလေးကချေသည်။ ကျောင်းရဲ့ကကြိုးကဝေတဲ့လေ။ အညတရနဲ့ရွှေမင်းသမီး လိုက်ဖက်တယ်ဆိုတာ ဇာတ်လမ်းတွေထဲမှာတောင် မသေချာခဲ့ဖူးမလား။

First SnowTempat cerita menjadi hidup. Temukan sekarang