Ep-4.1(Unicode)

44K 5.5K 292
                                    



ငြိမ့်ညောင်းသာယာသော ဂီတသံလွင်လွင်ဟာ ရောင်စုံ လိုက်ကာများ ဆင်ယင်ထားသော အဆောင်တစ်ခု၌ ပြန့်လွင့်နေသည်။အထက်တန်းလွှာဟု ထင်ရသော သူဌေးသူကြွယ် တို့ ပျော်မြူးရာ ဆောင်ကြာမြိုင်။သေရည်နံ့တို့ လှိုင်လှိုင်ထနေသည့် ကြားမှ ရမ္မက်ရယ်သံတချို့။ မိန်းမလှလေးတွေကို အရသာခံကြည့်ရင်း ပျော်ရွှင်မြူးထူးသော ပွဲလမ်းသဘင်ကဲ့သို့ ဖော်ကြူး၏။

ထို့အချိန် ဂီတသံစဉ် ပြောင်းလဲသွားပြီး အနည်းငယ်မြင့်သော စင်ပေါ်က အနီရောင် လိုက်ကာစ တဖြည်းဖြည်းအပေါ်ကို လိပ်တက်သွားသည်။

"ရွှေစင်ခရမ်းသွေး ပဲဟေ့ ....! "

လိုက်ကာ နောက်ကပေါ်လာသော ခြေဖျားကို မြင်တာနှင့် ပရိသတ်ကြား အုတ်အော်သောင်းတင်းဖြစ်သွားသည်။ဝင်းမွတ်နေသော ခြေဖမိုးလေးတွေပေါ်မှ ခရမ်းရောင် ဇာချည် အုပ်မိုးကာ မပိမရိပေါ်နေသော ခြေချောင်းသွယ်သွယ်။
ထို့နောက် တစ်ဖက်ကွေးညွတ်ကာ တစ်ဖက်ကို ဖြောင့်တန်းထားသော ခရမ်းရောင် ဖဲသားအောက်က ပေါင်တံ။သေးသွယ်တဲ့ခါး။ရင်ဘတ်မှာ စည်းနှောင်ထားသော ရွှေရောင်အစရဲ့တင်းကြပ်မှုဖြင့် ကောက်ကြောင်းပေါ်လှသော ရင်ကို ကော့ညွတ်၍ လက်သွယ်သွယ်တို့က ကကြိုးသီနေသည့်ဟန်။မျက်နှာမှာတော့ ခရမ်းရောင် ဇာကိုရင်ဘတ်ထိ လုံအောင်စည်းနှောင်ထားသည်။

ရွှေအဆင်းကဲ့သို့ ဝင်းလဲ့သော အသားအရည်ကို ခရမ်းရောင်တို့ ဖုံးလွှမ်းထားစေသော နတ်မိမယ်။ရွှေစင်ခရမ်းသွေး .... ။ စင်အောက်မှာရှိသော ပုရိသအပေါင်းကို သွက်သွက်ခါအောင် ရူးသွားစေတာက ဝိုင်းစက်နေသော မျက်ဝန်းရဲ့ ညို့အား။

ဂီတသံစဉ်တိုင်း လှုပ်ရှားလိုက်တဲ့ ကကွက်တွေဟာ နိုင်ငံတော်ရဲ့ အကောင်းဆုံးသမားတော်ပင်မက သိကြားမင်းဆင်းကုရင်တောင် မပျောက်မယ့် ရူးသွပ်မှု ရောဂါပင်။

တပ်မက်စွာ လိုချင်နေကြသော လူအုပ်ကြားထဲမှာ ရာဇရှိနေသည်။သာမန်အဝတ်အစားနဲ့ဆိုသော်လည်း ဘုန်းတန်ခိုးအရှိန်အဝါက မသေး။လက်ထဲကသေရည်ခွက်ကို တစ်ကျိုက်ထဲ မော့ချလိုက်ပြီးသော်

ရာဇဝင်ထဲက FudanshiWhere stories live. Discover now