Ep-28(Unicode)

29.4K 3.7K 94
                                    


အပ်ချည် ခရမ်းရောင်လေးနဲ့ ပိုးသားအဖြူရောင်ပေါ်မှာ မင်းထက် နှင်းပန်းပွင့်လေးကို ပုံဖော်ထိုးနေသည်။ဒီကိုရောက်တဲ့အချိန်တုန်း​က သေမှာကြောက်ပြီး ပြန်ချင်တဲ့စိတ်ပဲကြီးစိုးနေတာ။တဖြည်းဖြည်း ဘုရင်ရာဇအပေါ် မေတ္တာရှိလာတော့ ကိုယ့်ဖြစ်တည်မှုကို မေ့လျော့နေလေခဲ့သည်။

သာမန်ဘဝကို ပြန်မရောက်ရင်နေပါစေတော့ လိုတရနေတဲ့ မင်းကြီးနဲ့အတူ မိသားစုဆိုတဲ့ကမ္ဘာလေးကို မင်းထက် ဒီရာစုနှစ်ထဲမှာပဲ တည်ဆောက်ချင်တော့သည်။စ​ရောက်တုန်းက လွဲချော်မှုတွေကို ပြန်တွေးမိတော့ မရယ်ဘဲမနေနိုင်။သူတကယ်ကို အကုန်ပတ်မွှေခဲ့တာပဲ။

အညိုရောင်မျက်ဝန်းတွေအောက်မှာ နေရသ၍ ဒီဝတ္ထုကို ရေးတဲ့ စာရေးဆရာရော သူ့ကိုရောက်ရှိအောင် ပို့လိုက်တဲ့ ကံကြမ္မာကိုရော အပြစ်တင်လိုစိတ်မရှိတော့ပါ။အကုန်ရင်ဆိုင်နိုင်အောင် ကြိုးစားရမယ်။

ပန်းပွင့်လေးနဲ့အတူ သစ်ရွက်အစိမ်းကိုပါ လက်စသတ်လိုက်ပြီး အရှင့်ကိုစောင့်နေလိုက်သည်။နန်းတွင်းရေးရာသာမက တိုင်းပြည်အရေးပါ အာရုံစိုက်နေရတဲ့ ဘုရင်တစ်ပါးမို့ သူ့နားအချိန်​ပြည့်ရှိမနေနိုင်သော်လည်း ရှိတဲ့အချိန်တိုင်း လိုလေသေးမရှိဂရုစိုက်ပေးသည်။

အဆောင်ရှေ့က အစေခံတွေရဲ့ ဦးညွှတ်ကာအရိုသေပေးသံကြောင့် မင်းထက် တံခါးပေါက်နားထသွားလိုက်ပြီး ဆီးကြိုပြုတော့ ပင်ပန်းနေတဲ့အရှင်က ပွေ့ဖက်လာသည်။

"ညနေစာ စားပြီးပြီလား ကဉ္စန "

"မစားသေးဘူး အရှင့်ကိုစောင့်နေတာ"

"ဒါဆို ပွဲတော်တည်ဖို့ မိန့်လိုက်တော့မယ်နော် "

"ဟုတ် .... အရှင်... ဒါလေး"

ရာဇလက်ထဲသို့ စောစောက ထိုးထားတဲ့ ပိုးသားစလေးကို ထည့်ပေးလိုက်သည်။

"အရှင်သဘောကျတယ်ဆိုတဲ့ ပန်းလေး "

လက်ထဲက အစလေးကိုကြည့်ကာ ရာဇပြုံးရယ်လာပြီး ကဉ္စနပါးလေးကို နမ်းလိုက်သည်။ထို့နောက် ဝတ်ရုံ ရင်ဘတ်ထဲကို အသာထိုးထည့်လိုက်ပြီး

ရာဇဝင်ထဲက FudanshiWhere stories live. Discover now