ခုတင်ပေါ်မှ ခေါင်းကို ဇောက်ထိုးချကာ လက်တွေခြေထောက်တွေ လှုပ်ရမ်းနေသည်။နန်းတော်ကို ပြန်ရောက်ပြီးကတည်းက အဆောင်တွင်းအောင်းနေတဲ့မင်းထက် အပြင်မထွက်တာ တစ်လလောက်ရှိပြီ။နေ့ရက်တ်ိုင်း ပျင်းရိစွာဖြတ်သန်းနေရတော့ ကိုယ်သေမယ့် အရေးတောင် အာရုံမစိုက်မိတော့ဘူး။
အပြင်မှာ တိုင်းပြည်အခြေနေဘယ်လိုဖြစ်နေလဲ မင်းထက်မသိ။နောက်ပြီး ဇာတ်လမ်းထဲက အတိုင်း မဟုတ်တော့ ကြိုပြီးလည်းခန့်မှန်းလို့မရဖြစ်နေသည်။
တကယ်ဆို ဂူထဲက အခန်းမှာ -င်ကွဲတာချင်းအတူတူ ပုံစံက ပြောင်းလဲနေတယ်။ဘာပဲဖြစ်ဖြစ် စစ်သူကြီးရဲ့ အနိုင်ကျင့်မှုထက် သစ်ကိုင်းရှတာကပဲ အဆိုးထဲက အကောင်းလို့ပဲ သဘောထားလိုက်ရတော့မှာပေါ့။ ဒါပေမဲ့ အဲ့ဒီဘုရင်ကိုတော့ ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ မသိသေးဘူး။
"အာ ... ပျင်းလိုက်တာ "
"ဥယျာဉ်ထဲကို သွားကြည့်မလား အရှင့်သား"
မင်းထက် အပြင်မထွက်တော့ အထိန်းတော်ကြီးလည်း တစ်နေကုန် အဆောင်ထဲပဲ။မင်းထက် ခေါင်းရမ်းလိုက်ပြီး
"တော်ပြီ ... ဘုရင်နဲ့မတွေ့ရင်တောင် မိဖုရားနဲ့တွေ့ရင် ငါ့ကို အလောင်းပါ တစ်ခါတည်းဖျောက်ပစ်လိမ့်မယ်"
သူက ငါနဲ့ဘုရင် ဂူထဲမှာဟိုဒင်းလုပ်နေတယ်လို့ ထင်သွားတာလေ။အန္တရာယ်တွေ ပတ်လည်ဝိုင်းနေတဲ့ သနားစရာ ငါလေး။
.......
ဘုရင်ညီလာခံလုပ်တဲ့အဆောင်တွင်း စစ်သူကြီးနဲ့ ကိုယ်ရံတော်အပါအဝင် သုံးယောက် အစည်းအဝေးလုပ်ဖြစ်သည်။စစ်သည်အင်အားတိုးပွားလာသည်ကို တင်ပြပြီး ထပ်မံလေ့ကျင့်ကွင်းမှာ တာဝန်ယူဖို့ စစ်သူကြီးကို တာဝန်ပေးပြီးသော်
"မောင်မင်းနားလို့ရပြီ "
ရာဇပြောလိုက်တော့ ကာဠကအရိုအသေပေးကာ ထွက်သွားတယ်။ထို့နောက် အဆောင်တော်ထဲ ဘုရင်နဲ့ ကိုယ်ရံတော်ပဲကျန်နေတဲ့အချိန်မှ
"ဓည "
"အမိန့်ရှိပါ အရှင် "
"စစ်သူကြီး အင်အားဖြည့်ဖို့ ခေါ်ထားတဲ့ လူတွေရဲ့ နောက်ကြောင်းအမှန်ကို သိချင်တယ် "
![](https://img.wattpad.com/cover/255326530-288-k333348.jpg)
YOU ARE READING
ရာဇဝင်ထဲက Fudanshi
FantasyBL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့ မခံချင်စိတ်ဖြင့် သူဘာတွေလိုအပ်နေလဲ သိရအောင် လတ်တလောရေပန်းစားနေသော နာမည်ကြီး ဝတ္ထုတစ်အုပ်ကို သွားဖတ်...