Ep-27(Unicode)

29.8K 3.6K 38
                                    

ခပ်လှမ်းလှမ်းမှ စိတ်လွတ်လက်လွတ်ရယ်မောနေကြသော နှစ်ဦးကို ကာဠလှမ်းကြည့်မိသည်။ဟန်ဆောင်ခြင်းကင်းသော အပြုံးတွေ။တနည်းအားဖြင့် သူ မပိုင်ဆိုင်နိုင်သော လူသားရဲ့ ပျော်ရွှင်ခြင်း။

အနည်းငယ်ထွက်ပေါ်လာသော ဗိုက်လေးကို တယုတယကိုင်ကာ ပွေ့ဖက်ထားသော ရာဇရဲ့ အချစ်ကလည်း ဘေးလူမြင်ရုံနဲ့ သိရှိနိုင်သည်။ထို့အတူ အဲ့ဒီချစ်ခြင်းတွေကနေပဲ သူတို့နှစ်ဦးကို ခွဲပစ်မယ်ဆိုတာတော့ မသိမည်မဟုတ်။

အပင်ရိပ်အောက်မှာနေပေမယ့် ပူလောင်နေသော ကာဠ စိတ်တို့ထွေပြားနေသည်။ကဉ္စနကို မဆုံးရှုံးချင်ပါ။ သို့သော် မိခင်တစ်ဦးတည်းမှ အတူမွေးဖွားလာသော ညီမဖြစ်သူ ဆန္ဒကိုလည်း ကာဠကတိပေးပြီးသား။အခုချိန်ကျမှ အကုန်ပစ်ထားခဲ့ပြီး ကဉ္စနကိုခေါ်ထုတ်ကာ ထွက်ပြေးခဲ့ရင်လည်း အကြင်သူက ကြည်ဖြူပါ့မလား။ နှလုံးသားအပ်နှံထားတာ ကာဠ မဟုတ်သော တခြားလူဆီမှာဖြစ်တဲ့အတွက် စွန့်စားချင်တဲ့ စိတ်တို့က နွေလယ်က ရေခဲမြစ်ပမာ တဖြည်းဖြည်း ပျောက်ကွယ်လို့လာလေပြီ။

ဝှစ်...

ကာဠ မျက်နှာနားကဖြတ်ကာ အနောက်က အပင်စည်ကို လာစိုက်သော မျှားတစ်ချောင်း။ဆွဲနှုတ်ကာ ကြည့်လိုက်တော့ ရွှေရောင်ဖဲသားနဲ့အတူချည်နှောင်ထားသော စာလွှာတစ်ခု။ဘေးပတ်ဝန်းကျင်ကို အနည်းငယ်အကဲခတ်ပြီးမှ လက်ထဲက စာကိုဖွင့်ဖတ်လိုက်သည်။

ရင်းနှီးပြီးသား ညီမဖြစ်သူရဲ့လက်ရေးကိုမြင်ပြီးသည်နှင့် ကာဠ သက်ပြင်းခပ်ဖွဖွချကာ တကိုယ်တည်းကြားရုံသာရေရွတ်မိသည်။

"ပထမဆုံး မိုးဦးကျပြီး ၇ရက်မြောက်နေ့ "

...........

"ကလေး အရမ်းမလှုပ်ရှားနဲ့လေ "

တော်တော်ဆူထွက်လာသော ဗိုက်ပူပူလေးက အလွန်ရဲတင်းစွာ ခုတင်ပေါ်မှ လွှားခနဲ လွှားခနဲ ဆင်းနေလေသည်။ရေချိုးဆောင်ဘက်ဦးတည်နေတာမို့ ရာဇ အနောက်ကနေ ထိန်းကိုင်ပေးရင်း နှစ်ကိုယ်စာ ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်သည်။

"အာ ... အရှင် ကျွန်တော့်ကိုယ်က လေးနေမှာလေ အောက်ချပေးပါ "

"ဒီပိစိလောက်ကို ကိုယ်တော်က စာဖွဲ့ပါ့မလား"

ရာဇဝင်ထဲက FudanshiWhere stories live. Discover now