Ep-23(Unicode)

36.2K 4.1K 261
                                    




ညနေစောင်းရဲ့ ဆည်းဆာရောင်အောက်က တိုးဝှေ့တဲ့လေ။ ထိုလေနဲ့အတူ ပါလာသော မွှေးပြန့်လေတဲ့ ဟင်းလျာအနံ့။ အဲ့ထက် ထူးကဲတာက ဘုရင်စားတော်ပွဲတည်ဖို့ ကိုယ်တိုင်စီစဉ်နေသော အချစ်တော်သေးသေးလေးကြောင့် ရာဇ အဆောင်ထဲမဝင်သေးဘဲ အပေါက်မှာတင် ရပ်ကြည့်နေသည်။ရာဇ မျက်နှာရိပ်မျက်နှာကဲကြောင့် မည်သည့်အစေခံမှ အသံမထွက်ရဲ။

ချွေးစို့နေတဲ့ နှဖူးပြင်ကို ဝတ်ရုံစလေးနဲသုတ်ကာ စားပွဲပေါ်က ဟင်းအမယ်တွေလိုက်စစ်နေသော ကဉ္စနက သူ့ကိုမမြင်။ အနောက်သို့ပြန်လှည့်ကာ ထွက်မည်ပြင်နေသော ကိုယ်လုံးလေးကို အနားသွားကာ ဆွဲဖက်လိုက်မှ တွန့်ခနဲ ရပ်သွားသည်။ လည်ဂုတ်ဆီမျက်နှာ အပ်ငုံ့နမ်းတော့

"ချွေးတွေနဲ့လေ အရှင်ရဲ့.... ကျွန်တော်ရေချိုးလိုက်အုံးမယ် ခဏလေး "

ကဉ္စန ခါးပေါ်က လက်တွေကို ဖယ်ပြီး တားသော်လည်း ရာဇ ကလွတ်မပေး။

"ကဉ္စန ကိုယ်လေးက နှင်းပန်းအနံ့လေးမွှေးနေတာပဲ "

ထပ်မံ နမ်းရှိုက်ရင်း ပြောပြန်သည်။ မင်းထက် ရှင်းပြထားတာကြောင့် မြက်ပန်းကနေ အင်္ဂလိပ်အသံမထွက်တတ်သော်လည်း ရိုးရှင်းစွာ နှင်းပန်းလို့သာ သိနေပြီ။တားမရမှန်းသိလို့ငြိမ်နေပေးလိုက်တော့ ဘယ်ဘက်ပါးကို လက်နဲ့ ဆွဲလှည့်ကာ ညာဘက်ပါးကို ဖိနမ်းသည်။ ထို့နောက် ရာဇ ဘက်မျက်နှာချင်းဆိုင်လှည့်စေပြီး မြောက်တက်လာတဲ့ဝတ်ရုံ။နှဖူးက ချွေးတွေဟာ ဇာမနီရောင် ဝတ်ရုံလက်မှာ ပေကျံကုန်သည်။

" ရာသီဥတုက နည်းနည်းအေးနေတယ် .... မြန်မြန်ချိုးနော် ကဉ္စန၊ ကိုယ်တော် စားပွဲမှာစောင့်နေမယ် "

ခေါင်းညိတ်ပြပြီး ကိုယ်လှည့်ထွက်မယ့်အချိန်ကို ကြည့်ကာစောင့်နေသော ရာဇအား မင်းထက်ပြန်မောကြည့်ရင်း

"အရှင် ...."

မေးဆက်ကာထူးသည်။သို့သော် မင်းထက် ဘာမှဆက်မပြောသေးပဲ သက်ပြင်းချနေတာကြောင့် လက်လေးနှစ်ဖက်ကို အသာဆွဲယူပြီး

"ကိုယ်ဒီမှာရှိတယ် ...."

တသိမ့်သိမ့်နွေးသွားသောခံစားချက်။ မင်းထက် သူ့မျက်နှာကို သေချာစိုက်ကြည့်ပြီး

ရာဇဝင်ထဲက FudanshiWhere stories live. Discover now