Ep-19(Unicode)

35.1K 4.3K 71
                                    





နန်းတွင်းထဲက ထွက်လာပြီး လမ်းမှာ မြင်သမျှ လူတွေကို မင်းထက်ပြုံးပြနေသည်။ထိုလူတွေကလည်း ပြန်ပြုံးပြမလိုလုပ်ပြီးမှ နန်းတွင်းအဝတ်အစားနဲ့ အထက်တန်းလွှာဆိုတာ သိတာနှင့် ဦးခေါင်းကို မြေပေါ်ဝတ်ကာ ခစားကြသည်။

ဒါကို သတိထားမိတဲ့ မင်းထက်က နန်းတွင်းအဝတ်နဲ့ လျှောက်သွားနေလို့မဖြစ်တာကို အခုမှသတိရသည်။ဘယ်လိုလုပ်ရမလဲအကြံ အိုက်နေတုန်း အရပ်သားအဝတ်တွေကို လှမ်းထားတဲ့ တန်းကနေ ပြန်ရုတ်နေတဲ့ ဒေါ်ကြီးတစ်ယောက်ကို မြင်သွားသည်။ ခပ်သွက်သွက်ပဲ တဲအိမ်နားလျှောက်သွားလိုက်ပြီး

"အဒေါ် ... "

မင်းထက် ခေါ်သံကြားတော့သူ့အလုပ်ကို နောက်ယှက်သည်အထင်ဖြင့် မကြည့်သလိုလှည့်ကြည့်သည်။ လူကိုမြင်တော့မှ လက်ထဲက အဝတ်တွေပစ်ချပြီး ဦးညွှတ်ကာ

"ဒီက သခင်လေး ကျွန်တော်မျိုးမက ရိုးရိုးခဝါသည်ပါ ။ သူများပစ္စည်းခိုးတာလည်းမရှိပါဘူး ၊ လိမ်လည်းမလိမ်ပါဘူးရှင် "

"အဲ ... အဒေါ် ခေါင်းကြီး မငုံ့ပါနဲ့ ကျွန်တော်ဘာမှမလုပ်ပါဘူး "

သူ့ကို ဘာမှမပြောရသေးဘဲ ဇွတ်အတင်း ရှင်းပြနေသော ဒေါ်ကြီးအား မင်းထက် လက်ကာပြီး ပြောမှ ပြန်မော့လာသည်။ ဒါတောင် အိမ်ရှေ့စံကဉ္စနကို နန်းတွင်းအပြင်ကလူတွေသေချာမမြင်ဖူးလို့သာတော်တော့တယ်။ နန်းတွင်းအဝတ်အစားနဲ့ကို ရှိန်စေတဲ့ သက်ဦးဆံပိုင်ခေတ်ဆိုတော့လည်း ....။

"ဒီက သခင်လေး ဘာအလိုရှိလို့ပါလဲ"

"ဟို ... ကျွန်တော့်ကို အကူညီလေးတစ်ခုလောက်ပေးလို့ရမလား "

"ပြောပါ ပြောပါ သခင်လေး"

တဲအိမ်အပြင်ကနေ စူးစမ်းသလို ကြည့်နေကြတဲ့ အရပ်သားတွေ အများအပြား၊ မင်းထက် တဲအိမ်အတွင်းဘက် ထိုအဒေါ်ကြီးကို လက်ဆွဲခေါ်လာပြီး

"ကျွန်တော်အခုဝတ်လာတဲ့ အဝတ်အစားနဲ့ အဒေါ်ဆီက ရိုးရိုးအဝတ်တစ်ထည်လောက်နဲ့ လဲပေးပါလား။ ဒီလိုကြီး လျှောက်သွားနေရတာ အဆင်မပြေလို့။ ကျွန်တော့် အဝတ်က အောက်နားစလေးနည်းနည်းပြဲနေတာကလွဲရင် နှစ်ခါပဲဝတ်ရသေးတာပါ ။ အဒေါ်အဆင်ပြေတာတစ်ခုနဲ့ လဲပေးပါနော် "

ရာဇဝင်ထဲက FudanshiWhere stories live. Discover now