Ep-10(Unicode)

40.7K 5.1K 258
                                    




မနေ့ညက ထင်းသွားရှာတဲ့ ဘုရင် ဘယ်အချိန်က ပြန်ရောက်တယ် မသိ ။ မင်းထက်နိုးတော့ မနက်တောင်လင်းနေပြီ။

ချွတ်ထားတဲ့ အဝတ်အစားတွေကလည်း စိုမနေတော့ဘဲ ခန္ဓာကိုယ်ပေါ် အကျအနဝတ်ထားပြီးသားဖြစ်နေသည်။မီးအရှိန် သေခါနီး ထင်းမီးခဲတွေကို သူက ရေနဲ့လောင်းလိုက်ပြီး နိုးလာတဲ့ မင်းထက်ကို မြင်တော့ ပန်းသီးတစ်လုံးလှမ်းပေးသည်။ ဒီလိုကျတော့လည်း ဘယ်ဆိုးလို့လဲ။ ဘုရင်ဆိုပြီး ဘာမှ သိပ်မလုပ်တတ်ဘူးထင်ထားတာ အခုလို လူစိတ်ပေါက်တဲ့အချိန်လေးတော့ ရှိသား။

"ချောင်းက တောင်ကျရေတွေအရှိန်မလျော့သေးတော့ ဟိုဘက်ကို ပြန်လို့ရမှာမဟုတ်သေးဘူး။ ဒီနေ့တစ်ရက်စောင့်ကြည့်ပြီး မိုးထပ်မရွာဖို့ မျှော်လင့်ရမှာပဲ "

လှိုဏ်ဂူအပြင်ဘက်က မိုးသားအနည်းငယ်ရှိနေသော ကောင်းကင်ကြီးကို မော့ကြည့်ကာ သူပြောသည်။မင်းထက်ကတော့ မနေ့ညကလည်း ဘာမှမစားရသေးတာကြောင့် ပန်းသီးတစ်လုံးထဲနဲ့ မတင်းတိမ်နိုင်။ဘုရင့်ဆီမှာ ဘာရှိသေးလဲဆိုတာသာ လိုက်ရှာနေသည်။

ဗိုက်ကို ပွတ်ပြီး သူ့ကို လိုက်ကြည့်နေတာကို သတိထားမိတော့ မင်းထက်ဘက် လှည့်လာပြီး

"မနေ့ညက မှောင်နေတော့ တောအတွင်းထိ မဝင်ခဲ့တာ။ထင်းရှာရင်းနဲ့ ရှိတာပဲ ယူလာတယ်။မင်းမဝသေးဘူးဆိုရင် ခဏစောင့် ဝါးချွန်ပြီးတဲ့အခါ အမဲလိုက်ပေးမယ် "

"OK !"

"အို... ဘာကြီး?"

ဆောင်နေကျ ဓားမြှောင်နဲ့ ဝါးစိမ်းတွေကိုလက်နက်ဖြစ်အောင် ချွန်နေရင်း နားမလည်သလိုမေးသည်။

"ကောင်းပြီလို့ပြောတာ"

"​ဪ ..."

ရွဲ့သလို အသံရှည်ဆွဲပြီးမှ နှုတ်ခမ်းတစ်ဖက် ပြုံးသည်။ငါဒီလောက်တော့ သိပါတယ်ဆိုတဲ့အထာနဲ့ ဒီဘုရင် ဘာဖြစ်နေလဲမသိ။မင်းထက်ယောင်ပြီးပြောလိုက်တဲ့စကားကို သူလိို Date out ဘုရင်က နားလည်ချင်ယောင်ဆောင်သေးတာလား။

လောလောဆယ် မိမိအားအစာရှာကျွေးမယ့်ဖြစ်တာကြောင့် စကားအပိုမပြောတော့ဘဲ သူ့ဘေးနားကနေ သာ ထိုင်စောင့်နေသည်။တစ်ဖက်မှ ရာဇ စိတ်ထဲတွင်လည်း ဒါဟာ ဓားလျှိုစကားတွေနဲ့ လျှိုဝှက်ကြံစည်နည်းကျမ်းတွေက ဘာသာစကားဖြစ်မည်ဟု တစ်ထစ်ချယုံကြည့်နေလေသည်။

ရာဇဝင်ထဲက FudanshiWhere stories live. Discover now