Ep-15(Unicode)

40.4K 4.8K 514
                                    




ပင်လယ်နိုင်ငံ ဘုရင်ကြီးက နေမဝင်ခင်စောရောက်လာတာကြောင့် သူ့သားသမီးတွေနဲ့ အေးအေးဆေးဆေး အရင်တွေ့လို့ရအောင် ရာဇ စီစဉ်ပေးလိုက်သည်။ထို့ကြောင့် စစ်သူကြီးကိုယ်စား မြို့အဝင်က သဲကျုံးကိုဦးစီးနေတာ မပြီးသေးတဲ့အတွက် ဥယျာဉ်ထဲက စားသောက်ပွဲမှာ ရာဇမပါ။ စစ်သူကြီးနဲ့မိဖုရားခေါင်ကြီးအပါအဝင် သူတို့နှစ်ယောက်ရဲ့ ခမည်းတော်သာ အပန်းဖြေနေသည်။မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အဆင်တန်ဆာအပြည့်ဖြင့် သူ၏ သမီးတော်ကို ပြုံးကြည့်ရင်း

"ဒီလောက်လှပတဲ့ ငါ့သမီးတော်ကို ဘုရင်ရာဇက သေချာမကြည့်ရှုဘူးထင်ပါရဲ့"

နန်းမြတ်ဒေဝီက သောက်လက်စ လက်ဖက်ရည်ကို ပြန်ချလိုက်ပြီး

"ခမည်းတော် ဘာကိုဆိုချင်တာလဲ "

"အခုထိ ဘုရင်က သမီးတော်နဲ့အဆောင်တော်မဝင်သေးဘူးဆို"

"အဲ့ဒါ ခမည်းတော်ရဲ့ အရေးမှ မဟုတ်တာ "

"ဟော ..."

အနည်းငယ် ဆူပုတ်ပုတ်ဖြစ်သွားတဲ့ မိဖုရားကြီးကို ဘုရင်ရော စစ်သူကြီးကပါ ကြည့်ပြီး သဘောကျစွာ ပြုံးနေသည်။ တခြားအချိန်မှာသာ အရှိန်အဝါနဲ့တည်တန့်သော်လည်း မိသားစု ဆုံချိန်ဆို ကလေးတစ်ယောက်လို ပြန်ရန်တွေ့တတ်တာကြောင့် အပစ်မဆိုကြ။

"အရင်နန်းကျဘုရင်ရဲ့ သားတော်က ပြိုင်ဘက်ကင်းအောင် လှပလွန်းတယ်ဆိုတာ ခမည်းတော်ကြားထားတယ်... မယ်မယ်နန်းမြတ်ဒေဝီကတောင် မယှဉ်နိုင်လောက်အောင် လှပလေသလား"

"ဟွန့် ...!"

နန်းမြတ် နှုတ်ခမ်းကိုရွဲ့ပြီး ရွှေလင်ဗန်းထဲက ပန်းသီးကို ဒီအတိုင်းယူကိုက်လိုက်ပြီး အဖြေပြန်မပေး။ ခမည်းတော် ဘာကို ဆိုလိုချင်တာ သူမ သိတယ်။ ဘုရင်ရာဇ အနီးနားမှာ ခမည်းတော် လွတ်ထားတဲ့ ဓားလျှိုတစ်ယောက်လောက်တော့ ရှိနေမှာ။ သူတင်ပေးထားတဲ့ ဘုရင်က သူ့ကို ပြန်ကန်မှာ တအားကြောက်တာလေ။ အဲ့တော့ ရာဇနဲ့ ကဉ္စန ပလူးနေတာတွေ ခမည်းတော် နားတိုက်ရိုက်ရောက်မှာပဲ။အခုလာတာလည်း သူ့သမီးတော်က ယောကျာ်းလေးတစ်ယောက်ကိုတောင် မယှဉ်နိုင်ဘူးလားဆိုတဲ့ အခြေနေကို သိချင်လို့။သိနေတာကို ထပ်မေးနေတာကြောင့် နန်းမြတ်မဖြေ။ သို့သော် ဘေးမှာထိုင်နေသော စစ်သူကြီးက

ရာဇဝင်ထဲက FudanshiWhere stories live. Discover now