Ep-13(Unicode)

38.3K 4.8K 207
                                    



အထိန်းတော်သေသွားတဲ့ ကိစ္စကြောင့်ညတွင်းချင်း ဘုရင်က အကျဉ်းထောင်ဘက်သွားခဲ့သည်။တရားခံမမိသေးတာမို့ အိမ်ရှေ့စံကိုပါ အသက်အန္တရာယ်စိုးရိမ်ရ၍ ရာဇ သူ့ကို အဆောင်တော်ပြန်ခေါ်လာလိုက်တယ်။ဝေါ်ယာဉ်ပေါ်မှာ ငိုရင်း အိပ်ပျော်သွားတဲ့ ကဉ္စနအား ဘုရင့်အဆောင်တော်မှာပဲ အိပ်စက်စေသည်။ဝေါယာဉ်ပေါ်ကနေ ပွေ့ချီပြီး အိပ်ယာပေါ် ချပေးတဲ့အထိ ကဉ္စနကမနိုး။စိတ်ရော လူပါ ပင်ပန်းနေသည်ထင်။ ရာဇ အကြောင်းပြချက် သေချာမရှိသော်လည်း အိပ်နေတဲ့ အိပ်ရှေ့စံကို အချိန်ကြာသည်အထိ ဘေးနားကနေ ထိုင်ကြည့်နေမိသည်။

"အရှင်မင်းကြီး ကိုယ်ရံတော် ဓညပါ "

အဆောင်အပြင်ကနေ လျှောက်တင်သံ။ကဉ္စန နိုးမည်စိုး၍ ရာဇ အသံကိုနိုမ့်ကာ

"စာကြည့်ဆောင်က စောင့်နေလိုက် ငါကိုယ်တော် ထွက်လာခဲ့မယ် "

" မှန်လှပါ"

ကိုယ်ရံတော် ထွက်သွားပြီးမှ ကဉ္စနကို စောင်ခြုံပေးခဲ့ပြီး ရာဇ ထွက်လာလိုက်သည်။ စာကြည့်ခန်းကိုရောက်တော့ ဓညက အရိိုအသေပေးပြီး စားပွဲမှာ နှစ်ယောက်အတူ ဝင်ထိုင်လိုက်တယ်။

"သေစေတဲ့ လက်နက်က မိဖုရားရဲ့ ဆံထိုးဆိုတာ သေချာလား"

"မှန်လှပါ အရှင် ... မယ်မယ်ဖုရားကိုယ်တိုင် အတည်ပြုလိုက်ပါတယ် "

"ဒါဆို ကဉ္စနနဲ့ မိဖုရားကြားကို တမင် အကွက်ဆင်တဲ့လူရှိနေတာပေါ့"

"ကျွန်တော်မျိုးလည်း အဲ့လိုထင်ပါတယ် "

မိဖုရားနဲ့ ကဉ္စနက အမြင်မကြည်ကြဘူးဆိုသော်လည်း တကယ်တမ်း အထိန်းတော်ကို သတ်ချင်ရင် သူမ အစောကတည်းက သတ်လိုက်လို့ရတာပဲ။ ထောင်ထဲကျမှ ခက်ခက်ခဲခဲ အလုပ်ရှုပ်ခံပြီး ခိုးချောင်ခိုး​ဝှက်သတ်မှာမဟုတ်ဘူး။ တကယ်လို့သတ်ခဲ့တယ်ထားအုံး လိုက်လို့ ရမယ့် သက်သေခံ ဆံထိုးကို ထားခဲ့ရလောက်အောင်လည်း ဉာဏ်နည်းတဲ့ သူမဟုတ်ဘူးဆိုတာ ရာဇသိတယ်။မိဖုရားက ဖအေတူသမီးလေ ဉာဏ်ပြေးတာပေါ့။

ကြားလူတစ်ယောက်က မီးလောင်ရာလေပင့်ဖို့ အထိန်းတော်ကို မိဖုရားဆံထိုးနဲ့သတ်လိုက်တာဖြစ်နိုင်တယ်။

ရာဇဝင်ထဲက FudanshiWhere stories live. Discover now