Ep-24(Unicode)

32.1K 4.1K 71
                                    




"အရှင် .... အိမ် ... အိမ်ရှေ့စံမှာလေ "

စိုးရိမ်နေသော အညိုရောင်မျက်ဝန်းများက ဝမ်းသာအားရလျှောက်တင်ရန် အရှိန်ယူနေသော သမားတော်ကို မြင်ခိုက် ကြိုတွေးမိသော အရာကို သိလိုက်လေပြီ။အဆောင်တွင်းမှာ သမားတော်နဲ့ ရာဇသာ ရှိသော်လည်း မျက်နှာရစေရန် သောသောဖြဖြရှိလှသော သမားတော်ကြီးအား အမိန့်ပေးလိုက်သည်က

"ငါကိုယ်တော်နဲ့ နှစ်ယောက်တည်းပဲပြောမယ် "

ချက်ချင်းလှည့်ထွက်သွားတဲ့ ဇာမနီဝတ်ရုံတော်နောက် အသက် (၅၀)ကျော်ခန့် သမားတော်မှာ ခပ်သုတ်သုတ်ပြေးလိုက်ရသည်။ အနားလည်းကပ်မလျှောက်ရဲ။ ဝမ်းသာစရာသတင်းကို လျှောက်တင်ခါနီးအချိန်မှာ အရှင်မင်းမြတ်က ဘာကို စိတ်တိုသွားတယ်မသိ။ ပုံမှန်ရှိနေသော မျက်နှာထားထက်ကို တည်ကြည်၍နေသည်။

စာဖတ်ဆောင်အထိ လျှောက်လှမ်းပြီးသော် သမားတော်ကြီး ဝင်လာသည်နှင့်

"တံခါးပိတ်လိုက်"

"မှန်လှပါ အရှင်"

အရှင်စိတ်တိုတာထက် ချစ်လှစွာသော အိမ်ရှေ့စံလေးမှာ သန္ဓေသားရှိပြီလို့ လျှောက်တင်လိုက်လျှင် ချက်ချင်း ရွှင်မြူးလာနိုင်သည်။ဒါကြောင့် ကြမ်းပြင်ပေါ်သို့ ဒူးတုတ်ချကာ ဦးညွှန်လျက်

"အိမ်ရှေ့စံမှာ အရှင့်ရဲ့ရင်သွေးလေးရှိနေကြောင်းပါ ဘုရား "

"......."

နှုတ်ခမ်းမွှေးဖြူဖြူတို့ ပြုံးဖြီးနေသော်လည်း အချိန်ကြာသည်အထိ အရှင့်ထံမှ ဝမ်းသာသော အသံမကြားရသောကြောင့် မရဲတရဲ မော့ကြည့်လိုက်မိသည်။ ရွှေပလ္လင်ထက်မှာရှိနေသော ဘုရင်ရဲ့ မျက်နှာမှာ စိတ်ရှုပ်မှုတို့ မြင်ရချိန် သမားတော်ကြီး တံတွေးမျိုချလိုက်မိသည်။ အရှင်က အိမ်ရှေ့စံကို ချစ်မြတ်နိုးနေတာ မဟုတ်ပေဘူးလား။

တွန့်ချိုးနေသော မျက်ခုံးတို့အလယ်မှ အနီရောင်အမှတ်သားက အသက်ဝင်လာသလို နဖူးကြောအတိုင်းလှုပ်ရှားလျက်။ ခပ်ပြင်းပြင်းရှူထုတ်လိုက်သော ဝင်သက်ထွက်သက်တို့အပြီး ကြမ်းပြင်ပေါ်က သူ့ထံ ကြည့်ရှု့လာတာကြောင့် ခေါင်းပြန်ငုံ့လိုက်သည်။

ရာဇဝင်ထဲက FudanshiWhere stories live. Discover now