Ep-14(Unicode)

38.6K 4.7K 183
                                    



ကျေးငှက်တို့ သီဆိုသံကြောင့် မနက်ခင်း ရာဇ နိုးလာတော့ မျက်လုံးမဖွင့်ခင် လက်တစ်ဖက်ထုံနေတာကို သတိထားမိသည်။ ဒါကြောင့် အဲ့ဒီဘက်ကို စောင်းပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ကို စိိုက်ကြည့်နေတဲ့ မျက်တွင်းဟောက်ပဲ့ကြီး

"အား !!! မင်းမိခင်လင် နှမပေး"

"အ့ !"

ရာဇ လန့်ပြီး တွန်းလွတ်လိုက်တော့ ခုတင်ရဲ့ ခပ်ဝေးဝေးကိုလွင့်သွားတဲ့ ခရမ်းရောင် အရိပ်လေး။ထိုအခါမှ လက်မောင်းကနေ ပြန်ဆွဲယူလိုက်ပြီး မျက်နှာကို သေချာကြည့်ကာ

" မင်း တစ်ညမအိပ်ဘူးလား ကဥ္စန "

"ငါအိပ်ရင် သရဲလာဆွဲမှာစိုးလို့ "

ဆံပင် ဖရိုဖရဲနဲ့ မျက်ကွင်းတွေညိုနေသော အိမ်ရှေ့စံက လာခြောက်တဲ့သရဲကိုတောင် ပြန်လန့်စေနိုင်တယ်ဆိုတာ မသိလေရော့လား။ နောက်ပြီး သူတစ်ယောက်လုံး ဘေးမှာရှိတာတောင် မအိပ်ရဲဘူးဆိုတော့ ကလေးသရဲကတော်တော် ဆိုးလို့ဖြစ်မယ်။

" ဒါဆို အခု ပြန်အိပ်လိုက်အုံး "

ရာဇ သူ့ကို အိပ်ရာမှာထားပြီး ရေချိုးဆောင်ဝင်ဖို့ လုပ်တော့ အနောက်နေ ဝတ်ရုံကို ဆွဲထားသည်။ထို့နောက် သူထွက်သွားမှာ မလိုလားသည့်ပုံစံဖြင့်

" ဘယ်သွားမလို့လဲ "

"ချိုးရေတော်ဆောင် "

"ငါလည်းလိုက်မယ် "

"......."

အစက အနားယူဖို့ ထပ်ပြောရန် ပြင်လိုက်သော်လည်း ကဉ္စန မျက်ဝန်းတွေက တကယ် ကြောက်လန့်နေတာကို မြင်တော့ ရာဇ မတားတော့ပေ။ အရင်လို တည်ငြိမ်တဲ့ပုံစံမဟုတ်သလို ပြောင်းလဲသွားတုန်းက အမူအယာလည်းမဟုတ်။ ရာဇ ဝတ်ရုံကို ကိုင်ပြီး ကလေးတစ်ယောက်လို ကုတ်ကုတ်လေး လိုက်လာတာ။

ရေချိုးဆောင်ကိုရောက်တော့ ရာဇက အပေါ်ထပ်အဝတ်အကုန်ချွတ်လိုက်တော့ ကဉ္စနလက်ထဲ သူ့ဝတ်ရုံကျန်ခဲ့သည်။တမင်စချင်စိတ်နဲ့ ခန္ဓာကိုယ်ပေါ် ဘာမှမရှိဗလာအတိုင်း ရေကန်ထဲ ဆင်းပြီးမှ ကဉ္စဘက်လှည့်ကြည့်ချိန် နားရွက်ဖျားလေးတွေနီပြီး ကန်ဘောင်မှာပဲ ရပ်ကျန်ခဲ့တယ်။

ရာဇဝင်ထဲက FudanshiWhere stories live. Discover now