Ep-11.2(Unicode)

39.2K 4.7K 152
                                    



ရာဇရဲ့ အမိန့်စာကြောင့် မင်းထက် သူ့ရဲ့ အဆောင်တော်ထဲရောက်နေသည်။မျက်နှာချင်းမဆိုင်ချင်သော်လည်း အမိန့်စာကို လွန်ဆန်လို့လည်းမရ။ လက်ဖက်ရည်ပန်းကန်ချထားတဲ့ စားပွဲမှာ ထိုင်နေပြီး ကိုယ့်ထက် အနည်းငယ်မြင့်သော ပလ္လင်ထက်မှ ရာဇကို မရဲတရဲ လှမ်းကြည့်မိသည်။အစီရင်ခံစာပေလိတ်တွေကို တစ်ခုပြီးတစ်ခု ယူဖတ်နေတဲ့ ဘုရင်က မင်းထက်ကို ရှိတယ်လို့ကိုမထင်။ လာတုန်းက လာခိုင်းပြီး ဘာမှမပြောဘဲ ဒီအတိုင်း ထိုင်နေရတာ နှစ်နာရီလောက်ရှိတော့မယ်။မင်းထက်လည်း ကြာတော့ ပြန်ဖို့ စကားစရန် သူသတိထားမိအောင် လက်ဖက်ရည်ခွက်ကို စောင့်စောင့်ချနေလိုက်သည်။ထိုအခါမှ

" အပြင်မှာ အထိန်းတော်ရှိလား "

"ရှိပါတယ် အရှင်မင်းကြီး "

တံခါးအပြင်ဘက်မှ အထိန်းတော်နဲ့အတူ ကိုယ်ရံတော်ပါ ဝင်လာသည်။

"ကဉ္စနကို ရိုးရိုးအဝတ်လဲပေးလိုက်"

"မှန်လှပါ"

ရာဇက အမိန့်ပေးပြီး ကိုယ်ရံတော်နဲ့ အတူ အခန်းတစ်ခုထဲဝင်သွားတယ်။ ရိုးရိုး အဝတ်အစား လဲခိုင်းတာဆိုတော့ ဘာလဲ သူက ဒီအိမ်ရှေ့စံကို ပြည်နှင်ဒဏ်ပေးမလို့လား။အဲ့လို လုပ်လို့ရလား ။ ရာထူးက လျော့ချခံရရင် ဘယ်ကိုနေပြီး ဘယ်မှာ သွားစားရမှာလဲ ငါတော့ ငတ်တော့မှာပဲ။

အထိန်းတော်ကြီး ဝတ်ပေးတဲ့ နွမ်းဖက်ဖက် အရောင် အဝတ်အစားကို ကြည့်ရင်း မင်းထက် ခေါင်းမီးတောက်နေပြီ။သူလုပ်ချင်တိုင်း လုပ်နေရအောင် ဒီဘုရင်က လင်လိုချင်နေတာလား !

"ပြီးပြီလား ကဉ္စန"

ရာဇ အသံကြားလို့ လှည့်ကြည့်လိုက်တော့ သူကလည်း မင်းထက်လို ရိုးရိုးအဝတ်အစားနဲ့ပင်။ ဘာအဆောင်အယောင်မှ မပါ။

"ငါကိုယ်တော်နဲ့အတူ နန်းတွင်းအပြင်ကို သွားရအောင် "

သူ့ရဲ့ စကားကြောင့် မင်းထက် ကြောင်သွားပေမယ့် ခေါင်းညိတ်ပြကာပဲ

"ကောင်းပြီလေ သွားတာပေါ့"

မင်းငါ့ကို အပြင်မှာရောင်းမစားခဲ့ဘူးဆိုရင် အဆင်ပြေပါတယ်။ အထူးသဖြင့် ဒီခန္ဓာကိုယ်ပိုင်ရှင် သွားပြီး'က'နေတတ်တဲ့ ဆောင်ကြာမြိုင်မဟုတ်ရင်ပြီးတာပဲ

ရာဇဝင်ထဲက FudanshiWhere stories live. Discover now