Ep-5(Unicode)

43.2K 5.1K 814
                                    


အဆောင်တော်တစ်ခုတွင် အတွေးများလျက် ထိုင်နေသော ရာဇ ဘေးတစ်ဖက်စီမှာ ကိုယ်ရံတော်နှင့် စစ်သူကြီးတို့ မတ်တတ်ရပ်နေသည်။ ကပွဲပြီးတဲ့အထိ အောင့်အီးသည်းခံနေရပြီး နားလည်ရခက်သော ကဉ္စနအကြောင်းကို ဘယ်လိုမှ အဖြေ ထုတ်လို့မရဖြစ်နေသည်။

သူ တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ။ငါကိုယ်တော်ကို အရှက်ခွဲဖို့အတွက် ကိုယ်တိုင် အရှက်မဲ့အောင် တမင် လုပ်နေတာလား။

"အိမ်ရှေ့စံရဲ့ အခြေအနေ ဘာထူးသေးလဲ ဓည "

"မှန်လှပါ အရှင် အိမ်ရှေ့စံမင်းသားက မင်းကြီးရှေ့မှာတင် တမင်ဟန်ဆောင်ပြောင်းလဲနေတာ မဟုတ်ကြောင်းပါဘုရား.... အိမ်ရှေ့စံရဲ့အဆောင်တော်မှာလည်း ထူးဆန်းတဲ့ အပြုအမူတွေ လုပ်နေဆဲပါ"

ဓည စကားကြောင့် သူ အနည်းငယ်တွေဝေသွားသည်။ စစ်သူကြီးကတော့ ဘေးမှ ဘာမှဝင်မပြောဘဲ ရပ်နေဆဲ။

"ဘယ်လို ထူးခြားတာတွေလဲ "

"တစ်ယောက်တည်း အကျယ်ကြီးအော်ရယ်နေတာ၊နောက်ပြီး ကျွန်တော်မျိုး နားမလည်တဲ့ စကားတွေကို ရေရွတ်နေတတ်မျိုးပါ။အရင်က သိုသိပ်အေးဆေးတဲ့ အရှင်မင်းသားပုံစံမျိုး မဟုတ်ဘဲ တခြားတစ်ယောက်လို့တောင်ထင်မိတဲ့အထိပါဘုရား"

"အဆိပ်ကြောင့်ဖြစ်တာလား ဒါမှမဟုတ် ငါတို့ ရိပ်မိမှာစိုးလို့ ပိပိရိရိကြံစည်နေတာများလား.... "

ရာဇ စကားကို ကြားတော့ ဘေးက နှစ်ယောက်ခေါင်းတညိတ်ညိတ် လုပ်ရင်း ဓညမှ

"အရှင်မင်းကြီးပြောတာ ဖြစ်နိုင်ချေရှိပါတယ် ကျွန်တော်မျိုးတို့ ဒီထက်ပိုပြီး သတိထားမှ ဖြစ်ပါလိမ့်မယ် ဘုရား"

"မှန်ပေတယ်..... စစ်သူကြီး ကာဠ"

"အမိန့်ရှိပါဘုရား"

"မြို့ရိုးရှေ့က သဲကျုံးကို အပီးသတ်နိုင်ဖို့ အမြန်စီစဉ်ဆောင်ရွက်ပါ"

"မှန်လှပါ ကျွန်တော်မျိုး အမြန်ဆုံးဆောင်ရွက်လိုက်ပါမယ် "

" မင်းကတော့ စစ်သူသည်တော်တွေရဲ့ တိုက်ရည်ခိုက်ရည်ကို သွေးထားပါ ဓည "

ရာဇဝင်ထဲက FudanshiWhere stories live. Discover now