"ငွေသော်တာရောင်ခြည် ထိန်လင်းတော့မည်... ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ အထာကပိုသည် ဆရာမကိုပဲ အသည်းဆွဲအောင်ချစ်မိပြီ...."
လူပျိုရွယ် အဖွဲ့ကျတတ်သော ကောင်လေးတစ်စုဟာ ခြင်းတောင်းလေးကိုင်ကာ လျှောက်လာသော အဖြူအစိမ်းဝတ်ဆရာမလေးကိုမြင်မှ ဒီသီချင်းကို ထဆိုသည်။လက်ထဲကဂစ်တာသံကစည်းချက်ညီသော်လည်း ခပ်လှမ်းလှမ်းမှ ဆရာမအနောက်ကို အမှီလိုက်လာသော တစ်စုံတစ်ယောက်ဖို့တော့ နားခါးလှ၏။
လက်ထဲက နှင်းဆီနီနီကို အရိုးချိုးရင်း ပန်းပွင့်ဘေးနှစ်ဘက်မှာ အရွက်နှစ်ရွက်ကာရံလိုက်သည်။ ထို့နောက် ခြေလှမ်းကြဲကြဲနဲ့ အနားရောက်သွားကာ ဆံပင်အခွေလေးတွေထုံးထားသော ဆံထုံးဘေးလေးမှာ ပန်ပေးလိုက်ပြီး ခပ်စူးစူးအကြည့်ရောက်သွားတာက စောစောက လူပျိုအဖွဲ့ထံ။ဘာစကားမှ မပြောသေးခင် လမ်းဘေးက အုတ်ခဲကျိုးကို ကောက်လိုက်ပြီး
"ငါ×ိုးမသားတွေ အတော်ပါးစပ်သရမ်းနေတာ ဟုတ်လား"
"မဟူရာ ... မလုပ်နဲ့"
အုတ်ခဲတွေ လေပေါ်မ၀ဲခင် ခြင်းတောင်းတစ်ဖက်နဲ့ သရဖီက သူ့ကိုဝင်ဆွဲရသည်။အရပ်ထောင်ထောင်မောင်းမောင်းဖြင့် တကယ်လုပ်မယ့် ပုံစံကြောင့် သီချင်းဆိုနေသော ကောင်လေးတွေအဖွဲ့မှ ပါလာတဲ့ ဂစ်တာကို ဆွဲပြီး ခပ်သုတ်သုတ်ထွက်သွားကြသည်။
ထိုအခါမှ အုတ်ခဲကို လမ်းဘေးပြန်ပစ်ချရင်း တောက်တစ်ခေါက်ခေါက်ဖြင့်
"ခင်ဗျားအနားမှာ ကျုပ်ခဏလေးမရှိတော့နဲ့ ခွေးဝင်ဆွဲတော့တာပဲ"
လက်မောင်းကို ကိုင်ထားရာကနေ သရဖီ သူ့လက်ဖ၀ါးပြင်ကြီးကြီးကို ဆုပ်ကိုင်လိုက်ပြီး
"သူ့တို့ဘာသာ သီချင်းဆိုကြတာနေမှာပါ"
"ဟောဒီဆရာမလျှောက်လာမှ ဆရာမကို ချစ်တဲ့ သီချင်းဆိုစရာလား စောက်လုပ်မဟုတ်တာ"
ဆူပုတ်ပုတ်မျက်နှာနဲ့ သူ့ကိုမော့ကြည့်ပြီး သရဖီပြုံးမိတော့ ဘာလဲဆိုတဲ့ ပုံစံနဲ့ မေးစပ်ပြသည်။ခေါင်းယမ်းရင်း သ၀န်တိုနေတဲ့ မိမိထက်ငယ်သော ကောင်မလေးအား အချစ်တိုးကာ သူ့လက်ကိုပဲ ခပ်တင်းတင်း ဆုပ်ကိုမိ၏။ ထိုအခါမှ မျက်ခုံးတန်းတို့ပြေလျော့ကာ စောင်းငဲ့လာပြီး ခေါင်းပေါ်က ပန်းကိုနမ်းသလိုလိုနဲ့ သရဖီ ဆံပင်တွေကိုပါ နမ်းနေသည်။ အရပ်ရှည်တယ်ဆိုတိုင်း အခွင့်ကောင်းယူနေတဲ့ သူမကို သရဖီမငြင်းဝံ့။အတူလျှောက်လှမ်းရင်းသာ ခရီးဆက်သည်။
![](https://img.wattpad.com/cover/255326530-288-k333348.jpg)
YOU ARE READING
ရာဇဝင်ထဲက Fudanshi
FantasyBL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့ မခံချင်စိတ်ဖြင့် သူဘာတွေလိုအပ်နေလဲ သိရအောင် လတ်တလောရေပန်းစားနေသော နာမည်ကြီး ဝတ္ထုတစ်အုပ်ကို သွားဖတ်...