Ep-26(Unicode)

31.7K 3.9K 598
                                    




"အရှင့်သား ဗိုက်ပေါ်အောင်လို့ ဝတ်ရုံလေး ခဏလှန်ပေးပါလား"

အိပ်ယာပေါ်မှာ ပက်လက်ဖြစ်နေသော မင်းထက်ကို ဆံပင်အခွေလေးတွေနဲ့ မိဖုရားက ညင်သာစွာပြောသည်။ အရှင်က သေချာအပ်ထားခဲ့တယ်ဆိုပြီး အဆောင်တော်ထဲရောက်လာတာ သူမတစ်ယောက်တည်းမဟုတ်။ဘေးမှ ကိုယ်ရံတော် မိန်းကလေးလည်း ပါလာတာကြောင့် မင်းထက် ဝတ်ရုံကို လက်နဲ့ဆုပ်ကာ ပေကပ်နေသည်။

ဒါကိုသတိထားမိတဲ့ မိဖုရားက ကိုယ်ရံတော်မိန်းကလေးဘက်လှည့်ကာ ထွက်သွားဖို့တောင်းဆိုသည့်အပြုံးကိုပေးချိန် ခပ်စူးစူးထွက်လာသည့်အသံ

" သရဖီဘေးကနေ တဖဝါးမှ မခွာနိုင်ဘူး "

အိမ်ရှေ့စံကလည်း မလျော့သလို မဟူရာကလည်း ခပ်ချေချေဖြင့်။ ကြားထဲက သရဖီကပဲ ချိတ်ဆွဲထားဆဲအပြုံးဖြင့်သာ

"အရှင့်သား စိတ်မပူပါနဲ့ ... သူမက ကိုယ်ရံတော်ဆိုပေမယ့် စာပေရေးအမတ်ဝန်ရဲ့ သမီးပါ။နည်းနည်း စကားပြောမတတ်သော်လည်း အကုန်လက်ခံနားလည်နိုင်တဲ့သူမို့ အရှင့်သား ရှက်ရွံ့စရာမလိုပါဘူး"

ဟွန့်ခနဲ နှာမှုတ်ကာ မျက်နှာကို တစ်ဖက်သို့လွဲသွားသော ဝတ်ရုံအနက်နဲ့ အမျိုးသမီးကို မင်းထက် တစ်ချက်ကြည့်ကာ ဗိုက်လှန်ပေးလိုက်ရသည်။ရှည်လျားပြီး သွယ်နေသော မိဖုရားရဲ့ လက်ချောင်းဖွေးဖွေးလေးတွေဟာ အနည်းငယ်ပူနေသော မင်းထက်ဗိုက်ကို စမ်းနေရင်း

"ကလေးအနေအထားက မှန်ပါတယ်... လရင့်လာတဲ့အခါမှာတော့ ပုံစံမှန်အောင် ခဏခဏ တည့်ပေးရမှာ... နောက်ပြီး အရှင့်သားက ယောကျာ်းသားဖြစ်တာကြောင့် မွေးလမ်းကြောင်းအခက်ခဲတော့ရှိလိမ့်မယ် သာမန်မဟုတ်ဘဲ ခွဲမွေးရမှာ ကြောင့် ပုံမှန် ကိုယ်ဝန်ဆောင်တွေထက် ပိုပြီး ဂရုစိုက်ရမယ်နော် "

မိဖုရားသရဖီက ရုပ်ရည်လှပရုံသာမက စကားပြောရင်လည်း အကြည်ဓာတ်လေးရှိနေသည်။စိတ်ရှည်လက်ရှည်နဲ့ မင်းထက်ကို ပြောပြလို့အပြီး ခေါင်းညိတ်ပြကာ ရင်ထဲမှာတော့ ဟာတာတာ ။ ဒီလိုမိန်းကလေးမျိုး အရှင့်နားမှာရှိနေတာ လာဘ်တစ်ပါးပဲ ။ သူလို ဘာမှမဟုတ်တဲ့လူနဲ့ ယှဉ်စရာတစ်ကွက်မှကို မရှိတာ။

ရာဇဝင်ထဲက FudanshiWhere stories live. Discover now