Ep-29(Unicode)

30.8K 4K 279
                                    



ဆူညံနေတဲ့ အသံတွေကို အာရုံခံမိချိန် မင်းထက် အသိစိတ်ပြန်ကပ်လာသည်။ထို့အတူ သတိရတာနှင့်တပြိုင်တည်း ဝမ်းဗိုက်အတွင်းမှ မခံမရပ်နိုင်အောင် ဆူးအောင့်နာကျင်မှုက စကားနဲ့တောင် ဖော်ပြလို့မရအောင်ပင်။

အိပ်ယာခင်းကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့သူလက်ထဲမှာ နွေးထွေးသော လက်ဖဝါးပြင်ကျယ်မရှိသောကြောင့် မျက်လုံးကိုအားယူဖွင့်ကြည့်လိုက်သည်။

အရှင် ဘယ်ရောက်နေလဲ။

သူ့နှုတ်ခမ်းက အသံကို ထွက်မလာနိုင်။ဘေးကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ အရာကြောင့် မင်းထက် မျက်ဝန်းတို့ ဝိုင်းစက်သွားရသည်။

ဓားချင်းယှဉ်ကာ ခုတ်ထားရက်အတိုင်း အားပြိုင်နေတဲ့ မဟူရာနဲ့ မိဖုရားခေါင်နန်းမြတ်ဒေဝီ။သရဖီမိဖုရားကို လက်ပြန်ချုပ်ထားတာက မြို့စားတုသာရ။ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ မသိခင် အခုချိန်ထိ သူ့ဗိုက်ထဲမှာ တွန်းကန်နေတဲ့ ကလေးကြောင့် မင်းထက် နာကျင်စွာညည်းညူမိသည်။ထိုအခါ လေးယောက်လုံး မျက်ဝန်းတွေက သူ့ထံရောက်ရှိလာပြီး နန်းမြတ်ဒေဝီရဲ့ အသံအောက်မှ မင်းထက်အပါအဝင် သရဖီနဲ့မဟူရာမှာ ထိတ်လန့်သွားသည်။

"ခွဲထုတ်လိုက် "

မဟူရာ ပိုအားထည့်သော်လည်း သူတို့နှစ်ယောက် အရည်ချင်းက ညီမျှနေသည်။ ဆေးပညာပိုင်းသာကျွမ်းကျင်သော တုသာရနဲ့ သရဖီမှာ တုသာရက ယောကျာ်းလေးတစ်ယောက်ဖြစ်တဲ့အားကြောင့် အနိုင်ရကာ သရဖီကို တွန်းထုတ်ပစ်လိုက်သည်။တဖြည်းဖြည်း သည်းထန်လာတဲ့ မိုးနဲ့အတူ မင်းထက် စိတ်တို့ ခြောက်ခြားလာပြီးအတင်းကုန်းရုန်းကာ ထသော်လည်း စိတ်သွားတိုင်းကိုယ်မပါနိုင်။ ဓားမြှောင်တစ်ချောင်းကို ဝတ်ရုံထဲက ဆွဲထုတ်ပြီး တိုးလာနေတဲ့ တုသာရကို သူဘယ်လိုမှ ပြန်တွန်းနိုင်မှာမဟုတ်ဘူး။

"မ...လုပ်ပါနဲ့ ...."

တုသာရ မျက်နှာမကောင်းပေမယ့် အမိန့်တစ်ခုကို မလွန်ဆန်နိုင်သည့်ဟန် မင်းထက် စကားကို လျစ်လျူရှုနေသည်။မြောက်တက်လာသော ဓားချက်ကြောင့် မျက်လုံးစုံမှိတ်ကာ တမ်းတမိတာက အရှင့်ကိုသာ။ထိုအချိန် မူလနာကျင်မှုထက် ပိုတိုးမလာဘဲ တစက်စက်ကျလာသော အရည်တို့ကြောင့် မျက်လုံးပြန်ဖွင့်လိုက်ချိန် သရဖီက သူ့အပေါ်ကနေ ကာပေးထားလေသည်။လက်ဖဝါးနုနုမှာ ထိုးချင်းပေါက်နေသော တုသာရရဲ့ ဓားမြှောင် ။

ရာဇဝင်ထဲက FudanshiWhere stories live. Discover now