အနောက်မှ ခေါ်သံတွေကို လျစ်လျူရှုကာ မင်းထက် ထွက်ပြေးမိသည်။မြန်ဆန်လွန်းလှတဲ့အဖြစ်ပျက်တွေကြောင့် ခေါင်းထဲမှာလည်း ပူထူကာ ဘာမှ စဉ်းစားမရ။ဝေဝါးနေတဲ့အမြင်အာရုံနဲ့ အရှေ့ကိုသာ တစ်ဇွတ်ထိုးပြေးနေရင်း တစ်စုံတစ်ခုနဲ့ တိုက်မိကာ ခန္ဓာကိုယ်တစ်ခုလုံးယိုင်ကျသွားသည်။သို့သော် မြေပြင်ပေါ်တော့ မထိခတ်။ထိန်းကိုင်ပေးသော လက်တစ်စုံကြားမှာ ယိုင်နှဲ့နှဲ့သာ
"အရှင့်သား ... ဘာဖြစ်လာတာလဲ "
ပုခုံးနှစ်ဖက်ကို ကိုင်ကာ စိုးရိမ်တကြီးမေးလေသော အသံပိုင်ရှင်ကို မော့ကြည့်လိုက်တော့ စစ်သူကြီးဖြစ်နေသည်။
ပါးပြင်ပေါ် ကျနေသော မျက်ရည်တို့ဖြင့် တုန်ရီနေသော နှုတ်ခမ်းတို့ကို ကာဠအကြည့်မခွာမိ။ဝတ်ရုံကို လက်သေးသေးလေးတွေနဲ့ ပြန်ဆုပ်ကိုင်လာပြီး
"ငါ... ငါအဲ့လိုမလုပ်ချင်ဘူး"
"အရှင့်သား ဘာကိုပြောတာလဲ ... ဘာမလုပ်ချင်တာလဲ ကျွန်တော်မျိုးကိုပြော "
ပါးပေါ်က မျက်ရည်တွေကို သုတ်ပေးပြီး ကာဠ အညင်သာဆုံးမေးသည်။ရှိုက်သံကြားက ပြောဖို့အားယူနေသော အိမ်ရှေ့စံအား တင်းကြပ်နေအောင် ပွေ့ဖက်ထားလိုက်ချင်သော်လည်း ပို၍ကြောက်စိတ်ဝင်သွားမှာမလိုလား။ ဘယ်လို အခက်ခဲတွေဖြစ်လာလို့ပါလဲ ။
"ကလေး..လေး ..."
"ကလေး? "
"ငါ့ကလေးကို ဖျက်မချချင်ဘူး ... သူရှိနေတာကို အခုမှသိတာလေ... ဘာလို့ ... ဘာလို့အရှင်က .."
ကာဠသည်းမခံနိုင်တော့တဲ့အဆုံး ကျယ်ပြန့်တဲ့ သူ့ရင်ခွင်ထဲ မြုပ်သွားသည်အထိ ဆွဲယူပွေ့ဖက်လိုက်သည်။ရုန်းကန်ခြင်းမရှိသလို တုန်ယင်နေတဲ့ အိမ်ရှေ့စံဟာ ရင်ဘတ်နားကဝတ်ရုံစကို ဆွဲပြီး ရှိုက်ငိုသည်။စိတ်ရှုပ်မှုတွေကြားမှ တဒင်္ဂ ကျေနပ်မိသော စိတ်ကြောင့် ကာဠဘေးနားက လူတွေကိုတောင်သတိမထားမိ။အရှင့်သား သူ့ကို အားကိုးတကြီးဖက်တွယ်တိုင်း အသိစိတ်ပျောက်သွားမိတာ ဒါနဲ့ဆို ဒုတိယ အကြိမ်။
ဆံနွယ်လေးတွေကို ပွတ်သတ်ကာ ချော့မြူရင်း နှစ်သိမ့်ပေးမိသည်။ထိုအချိန် မလှမ်းမကမ်းမှ အံ့ကြိတ်ကာ ထွက်ပေါ်လာသော အသံတစ်ခု
![](https://img.wattpad.com/cover/255326530-288-k333348.jpg)
YOU ARE READING
ရာဇဝင်ထဲက Fudanshi
FantasyBL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့ မခံချင်စိတ်ဖြင့် သူဘာတွေလိုအပ်နေလဲ သိရအောင် လတ်တလောရေပန်းစားနေသော နာမည်ကြီး ဝတ္ထုတစ်အုပ်ကို သွားဖတ်...