Ep-7(Unicode)

41.4K 5.3K 426
                                    



"ကျွန်တော်မျိုးမ သေသင့်ပါတယ်အရှင်မင်းသား"

မင်းထက် အဆောင်တော်ကို ပြန်ရောက်တော့ အနောက်မှ လိုက်လာသော အထိန်းတော်ကြီးက ကြမ်းပြင်ပေါ် ခေါင်းဝပ်ကာ ထိုစကားကိုပဲ ထပ်ခါထပ်ခါရွတ်နေသည်။မိဖုရားရှေ့က ဖြတ်သွားတုန်းဖြစ်တာဆိုတော့ တစ်ခုခု လုပ်လိုက်တယ်ဆိုတာ သိသော်လည်း သက်သေမရှိ။မိဖုရားက အထိန်းတော်ကြီးကို ခြေထိုးခံလိုက်တာလည်းဖြစ်နိုင်သည်။သို့သော် အခု ပွဲမှာ ဘုရင့်ရဲ့ဒေါသ ပုံကျနိုင်စရာ မင်းထက်အပြင် တခြားမရှိနိုင်တာကြောင့် သက်ပြင်းချကာပဲ

"ထပါဗျာ ... အထိန်းတော်ကြီးနဲ့မဆိုင်ပါဘူး ဒါမတော်တဆဖြစ်သွားတာပဲကို"

"မဟုတ်ဘူးမင်းသား... မင်းကြီးက အတော်နဲ့ဒေါသပြေမှာမဟုတ်ဘူး ... အခုပွဲမှာလည်း နန်းသွေးက မြေခသွားတော့ နိမိတ်လည်း မကောင်းဘူးဘုရား"

အဲ့ဒါတော့အမှန်ပဲ။နတ်ဆရာမကိုင်ထားတဲ့ သွေးခွက်က မှောက်သွားတာဆိုတော့ ဘုရင့်သွေးက မြေခသွားတယ်။နောက်ပြီး ကန်တော့တဲ့ စားပွဲကိုပါ ဆွဲလှန်ပစ်လိုက်သေးတာ။ ဝတ္ထုထဲမှာဆိုရင် ဒါကို တိုင်းပြည်ပျက်မယ့် ရှေ့ပြေးနိမိတ်ပြတယ် ဆိုပြီးပြောနေတာတောင် အခု သူက ပိုဆိုးအောင် လုပ်လိုက်မိပြီ။မင်းထက်ရာ မင်းကတကယ်ကို သောက်တလွဲပဲ။

"အရှင်မင်းကြီး ကြွ....!"

ဒုန်း!

တံခါးရှေ့က လျှောက်တင်သံတောင်မဆုံးသေး ကျွန်းတံခါးကို ခြေထောက်နဲ့ ကန်ဖွင့်လိုက်သော အသံထွက်ပေါ်လာပြီး ရာဇ ဝင်လာသည်။ ကြမ်းပြင်ပေါ်က အထိန်းတော်ကြီးမှာတော့ ဒူးတုန်၍ ပြားပြားဝပ်လျက်။ မင်းထက် ထိုင်နေရာမှ ထလိုက်ပြီး မျက်နှာနီမြန်းကာ ဒေါသထွက်နေတဲ့ သူနဲ့ မျက်နှာချင်းဆိုင်လိုက်သည်။

"မင်းတော့....."

"အ!"

စကားကို ဆုံးအောင်တောင်မပြောဘဲချက်ချင်းအနားရောက်လာသော ရာဇက မင်းထက်ပါးပြင်သို့ အရှိန်ပြင်းပြင်းရိုက်ချလိုက်လေတော့၏။ပါးတစ်ပြင်လုံး ပူထူသွားကာ နားထဲမှာ လေတိုးသံတွေကြားနေရပြီး တစ်ချက်တည်းနဲ့ ကြမ်းပြင်ပေါ် လဲကျသွားရသည်။ထို့အပြင် ဘေးက ထောင်ထားသော ပန်းအိုးက ကြွေထည်မဟုတ်ဘဲ ရွံနီသားနဲ့လုပ်ထားတာကြောင့် ပစ်ဆောင့်မိတဲ့အခါ ပန်းအိုးမကွဲဘဲ မင်းထက် နှဖူးသာ ကွဲသွားသည်။

ရာဇဝင်ထဲက FudanshiWhere stories live. Discover now