Extra-1(Unicode)

25.3K 2.5K 219
                                    


AN/

ဒီExtra က ရေးထားတာကြာပါပြီ။Fudan ကို ပထမဆုံးOngingလိုက်ဖတ်ခဲ့တဲ့သူတွေတော့ သိမှာပါ။ဒါပေမဲ့
"Ending နဲ့တင်ပြည့်စုံနေပြီ Extra ကျမှ ဘယ်လိုကြီးလဲမသိဘူး"ဆိုတဲ့

စကားတွေကြောင့် Extraကို Unပစ်လိုက်တာပါ။

အခု Extra လေးနဲ့မှလို့ပြန်ပြီး Comတွေမှာတွေ့လာရတာကြောင့် တင်ပေးခြင်းဖြစ်ပါတယ်။

ကိုယ့်စိတ်က အမျိုးမျိုးဖြစ်တာမဟုတ်ရပါဘူး မင်းတို့အလို လိုက်နေရတာပါ။ဒီလူကို နားလည်ပေးပါအုံး။

........

Extra -1

"မင်း အချိုးတွေပြောင်းနေပြီ တုတု"

အခန်းထဲဝင်ဝင်လာချင်း အိတ်ကို စားပွဲပေါ်ပြစ်ချကာ အသံမာမာပြောလိုက်သော နန်းမြတ်။ခုတင်ပေါ်မှာ ထိုင်ပြီး ဖုန်းကြည့်နေတဲ့ တုတုက သူမ အသံကြောင့် လန့်သွားတဲ့ပုံစံလေးဖြင့် မျက်လုံးလေးပြူးလျက်လှမ်းကြည့်သည်။ထို့နောက်လက်ထဲက ဖုန်းကို ချကာ နန်းမြတ်ဘက်သေချာလှည့်လိုက်ပြီး

"တုတု ဘာလုပ်လို့လဲ Ma "

နန်းမြတ်က ချက်ချင်းမဖြေဘဲ ဝတ်ထားတဲ့ ရှပ်အင်္ကျီကို ချွတ်ပြီး ကြမ်းပြင်ပေါ်တွင် လွင့်ပစ်လိုက်သည်။ မိန်းကလေးဖြစ်သော်လည်း အရပ်အမောင်းကောင်းသည့်အပြင် ခန္ဓာကိုယ်ကအချိုးအစားကျသည်ဆိုတာထက် အရပ်မြင့်မြင့်ဖြင့်တောင့်တင်းသည်။အနက်ရောင် Bra အောက်က ဗိုက်သားတွေဟာ ပြားချပ်မနေဘဲ ကြွက်သားမြောင်းတို့ ခပ်ရေးရေးပေါ်နေတာကို တုတု မျက်တောင်မခတ်တမ်းကြည့်နေရင်း ဒေါသထွက်ရင် တိတ်ဆိတ်သွားတဲ့ နန်းမြတ်ကြောင့် သူ လန့်နေရသည်။

ဗီရိုထဲက ဆွယ်တာ တစ်ခုကို ကောက်စွပ်လိုက်ပြီးမှ ခုတင်နားကို လျှောက်လာကာ လက်ပိုက်ရင်း တုတုအား စိုက်ကြည့်နေသည်။ထို့နောက် လေသံအေးအေးဖြင့်

"မင်းကို ဒီနေ့ ကောင်မလေး တစ်ယောက်က စာလိုက်ပေးတယ်ဆို"

အမြဲတမ်းနောက်လိုက်လွတ်ထားတယ်ဆိုတာ သိတာကြောင့် တုတုက အံ့ဩမနေဘဲ ခေါင်းညိတ်လျက်

"ဟုတ်တယ် Ma ..ဒါပေမဲ့ တု ငြင်းလိုက်တယ်လေ"

"အင်း ... ငြင်းလိုက်တာကို ငါသိတယ် ... အဲ့ကိစ္စကြောင့်စိတ်တိုနေတာ"

ရာဇဝင်ထဲက FudanshiWhere stories live. Discover now