Ep-8(Unicode)

41.8K 5.3K 668
                                    



ဒီနန်းတွင်းထဲက လူတွေက ပွဲတစ်ခုခု လုပ်မယ်ဆိုရင် နေ့လယ်ခင်း ရွေးတာကို အတော်သဘောတွေ့နေသလားမသိ။ညနေခင်း ဘုရင် တောကစားထွက်မယ်ဆိုပြီး နေ့လယ်ခင်းကိုပြင်ဆင်နေတာ ။ ဘာမှသိပ်ပြီး ခမ်းခမ်းနားနားမလိုတာလည်း နေပူလှန်းထားတယ်။ဖြစ်နိုင်ရင် ခြင်ထောင်ကြီးလို ဝဲကျနေတဲ့ မိဖုရားရဲ့ ဂါဝန်ကြီးအောက်သာ ပြေးဝင်လိုက်ချင်တော့သည်။

"အဆင်သင့်ဖြစ်ရင် နေရာယူထားပါ"

မြင်းပေါ် ရောက်နေပြီဖြစ်သော ရာဇမှ အသံပေးလိုက်သည်။ရွှေရောင် ဖဲသားကိုလက်နဲ့ လည်ပင်းနေရာမှာ ရွှေထည်ဖြင့် အလှဆင်ထား သော လက်ဝတ်ရတနာ၊ခေါင်းဆောင်းမပါသောကြောင့် ရိုးရှင်းတဲ့သျှောင်ထုံးပုံစံဖြင့် ပြေပြစ်တဲ့ နှဖူးပြင်။ တောကစားထွက်ရာမှာ ပေါ့ပေါ့ပါးပါးဖြစ်အောင် ပုံမှန်တွေ့နေကျထက် အဆင်တန်ဆာအနည်းငယ်သာ ဝတ်ဆင်ထားသည်။ ဘေးမှ ကိုယ်ရံတော်က ဒူးလေးတစ်ခုနဲ့ မြှားကိုပေးပြီး နောက်ထပ် မြင်းတစ်ကောင်ပေါ် တက်သည်။

ထို့နောက် အလှဆင်ထားသော ဝတ်ရုံအရှည်ကြီးကို ဖယ်ချလိုက်ပြီး ဘောင်းဘီရှည်အပွ၊ ရင်စည်းတစ်ခုနဲ့ မိဖုရာခေါင်ကြီးဟာ ၂၁ရာစုက မော်ဒယ်လိုလို။ ရုပ်ဆင်သော အစ်ကိုတော်စစ်သူကြီးနှင့် ယှဉ်တွဲလျက် မောင်နှမနှစ်ယောက် စစ်ထွက်မယ့်သူတွေလို အထာကျနေသည်။စစ်သူကြီးရော ကိုယ်ရံတော်ရော ပါတာမို့ တခြားစစ်သည်တော်တွေမလို။စုစုပေါင်း ၅ယောက်သာ ထွက်မည်။နောက်ဆုံး ကျန်တဲ့တစ်ယောက်က မင်းထက် ။

အဲ့ဒီမှာ စပြီးတိုင်ပတ်တာပဲ သူတို့လို ဟန်ရေးပြဖို့ မပြောနဲ့ မြင်းပေါ်တောင် ဘယ်လို ရောက်အောင် တက်ရမလဲ တွေးရင်း ချွေးပြန်နေပြီ။နောက်ဆုံး ထွက်ခါနီးရောက်တော့ အခုထိ အဆင်သင့်မဖြစ်သေးသော သူ့ကို ရာဇက မျက်မှောင်ကုတ်ရင်း လှမ်းကြည့်သည်။ထိုအခါ မလိုက်လို့လည်း မဖြစ်သလို မတတ်သာတဲ့အဆုံး ကိုယ့်အရပ်ထက်မြင့်နေသော ဘေးက မြင်း၏ခြေတင်ခုံပေါ် ခြေထောက်တစ်ဖက်လှမ်းတင်လိုက်သည်။အဲ့အပေါ် အားပြုပြီး နောက်တစ်ဖက်က ခွတတ်ရမည်ဖြစ်သော်လည်း မြှောက်ကြွမြှောက်ကြွဖြင့် သူကလည်းအပေါ် မတက်နိုင် မြင်းကြီးကလည်း အငြိမ်မနေ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ လည်နေသည်။

ရာဇဝင်ထဲက FudanshiWhere stories live. Discover now