#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••••••" ရပ်အကျိုး ရွာအကျိုး ကူညီပေးမယ့် ကိုဒေါင်း။
ဘာဘဲလိုလို ဟောဒီက ကိုဒေါင်းက ဖြေရှင်းပေးမည်။
ကိုဒေါင်းရှိရင် ရပ်ကွက် အေးချမ်းမည်။
ဒါကြောင့် ကိုဒေါင်းကို ယုံလိုက်ပါ။ ယုံလိုက်ပါ။
ဟောဒီက ကိုဒေါင်းပါ"ကိုဒေါင်း တစ်ယောက် ကိုယ့်ဘာသာ သံစဉ်လုပ်ကာ သီချင်း ဆက်ကာ ဆိုနေတော့သည်။ ကိုယ့်ဘာသာ တစ်ယောက်တည်းဆိုကာ တစ်ယောက်ထဲ သဘောတွေကျပြီး ပြုံးပြုံးကြီး ဖြစ်နေလေသည်။ ဘာကြောင့်ဆို ဒီနေ့ကလည်း သူခိုးဖမ်းပြီး သုံးရက်တောင် ကြာပြီလေ။ ရုံးပိတ်ရက်လည်း ဖြစ်တာကြောင့် ကိုတိုးနဲ့ မကဲတို့ရဲ့ ရန်ဖြစ်သံလည်း မကြားရဘူးလေ။ ဒါကြောင့် ကိုဒေါင်း တစ်ယောက် စိတ် ကြည်လို့ နေလေတော့သည်။
" ရပ်အကျိုး ရွာအကျိုး ကူညီပေးမယ့် ကိုဒေါင်း။
ဘာဘဲလိုလို ဟောဒီက ကိုဒေါင်းက ဖြေရှင်းပေးမည်။
ကိုဒေါင်းရှိရင် ရပ်ကွက် အေးချမ်းမည်။
ဒါကြောင့် ကိုဒေါင်းကို ယုံလိုက်ပါ။ ယုံလိုက်ပါ။
ဟောဒီက ကိုဒေါင်းပါ"ကိုဒေါင်း ဒါကိုဘဲ အထပ်အထပ် အခါခါ ဆိုနေတော့သည်။ အခန်းသန့်ရှင်းရေး လုပ်နေတဲ့ ဆူမိုမှာ မြင်ပြင်းကပ်လာတာကြောင့် ကိုဒေါင်းကို မကြည်တဲ့ အကြည့်တွေဖြင့် စိုက်ကြည့်နေတော့၏။ ကိုဒေါင်းမှာ မျက်လုံးကြီး မှိတ်ကာ ပြုံးလိုက်၊ သူဆက်ထားတဲ့ သီချင်းကို ဆိုလိုက်နဲ့ကို အဆင်ပြေ ချောမွေ့နေတော့တာ။ မျက်လုံးမှိတ်ကာ သာယာနေတဲ့ အချိန်မှာ စားပွဲခုံရောက်လိုက်တဲ့ အသံကို ကြားလိုက်ရသည်။
"ဘုတ်"
ကိုဒေါင်း တစ်ယောက် မျက်လုံးဖွင့်ကာ ကြည့်လိုက်သည်။ စားပွဲပေါ်မှာ ကြက်မွှေးတံကို တွေ့လိုက်ရပြီး အနီးနား တစ်ဝိုက်မှာ ဖုန်တွေက ဝဲပျံလို့ နေတော့သည်။ ကိုဒေါင်း ချက်ချင်းပင် လက်ဖြင့် နှာခေါင်းကို ပိတ်လိုက်သည်။
"ဟျောင့် မိုမို ဖုန်တွထကုန်ပြီလေ။ ဖြေးဖြေး သက်သာ ချပါဟ"
"ဆရာကလည်း ကျွန်တော့်ကို မိုမိုလို့ မခေါ်စမ်းပါနဲ့ဗျ"
YOU ARE READING
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
Adventureဒါကတော့ bl မဟုတ်ဘူးပေါ့လေ။ စုံထောက် ၀တ္ထုလေးပါ။ bromanceတွေလည်း မြင်ရမှာပါ။ ဟာသလေးတွေလည်း ပါမှာပေါ့နော်။ စုံထောက်၀တ္ထုကြိုက်နှစ်သက်တဲ့သူများ သဘောကျမယ်လို့ ထင်ပါတယ်။ အမှုက တစ်ခုပြီးတစ်ခု ရှိလာမှာဖြစ်တဲ့အတွက် ဖတ်ရအဆင်ပြေစေမှာပါ။