#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••••••နေရောင် မကျတကျ ထွက်နေတဲ့ မနက်ခင်း တစ်ခုတွင်
ကိုဒေါင်း တစ်ယောက် ဆူမိုနှင့် ပတ်သက်၍ စိတ်ပူနေလေ၏။ အကြောင်းမှာ ဆူမိုက မိမိနှင့် အလုပ်လုပ်ဖို့ သင့်တော်သည့် သူလား။ ဒါမှမဟုတ် အလုပ်လုပ်ဖို့ မသင့်တော်သည့် သူလား ဆိုတာ ဆုံးဖြတ်ရခက်နေလို့ပင် ဖြစ်သည်။ မနေ့က လုပ်လိုက်တဲ့ အလွဲကြောင့်လည်း ပါတာပေါ့လေ။ ကိုဒေါင်း တစ်ယောက် သက်ပြင်းချမိသည်။ အရင်က နေ့တွေလိုမျိုး ချရတဲ့ သက်ပြင်းမျိုးပေါ့လေ။သက်ပြင်းချရာကနေ နံရံပေါ်က နာရီ အဟောင်းလေးကို ဖြတ်ခနဲ ကြည့်လိုက်သည်။ ခုနှစ်နာရီပင် ခွဲတော့မည်လေ။ ဒါကို အမောင်ဆူမိုက မထသေး။ ဒင်းပြောသလို အိပ်ရင်တောင် မနိုးဘူးဆိုတာ အမှန်ဘဲလေ။ ဒီလောက် ဆူညံသံတွေ အထင်းသား ကြားနေရတာကို ဒင်းက မထသေးဘူး။ ဟောက်တောင် ဟောက်နေလိုက်သေးတာ။ ကိုဒေါင်း တစ်ယောက် အခန်းကျဉ်းလေးထဲက ဟောက်သံကို လျစ်လျူရှုလိုက်သည်။ နောက်ထပ် လျစ်လျူရှုရမယ့် အရာကတော့ မနက်ခင်းစောစော ရန်ဖြစ်တဲ့ အသံပင် ဖြစ်သည်။
ကိုဒေါင်း တစ်ယောက် မနက်အစောကြီး ထရတဲ့ အကြောင်းကလည်း ထိုဆူညံနေတဲ့ ရန်ဖြစ်သံကြောင့် ဖြစ်သည်။ စုံထောက်ဆိုတော့ ညနက်တဲ့အထိ အလုပ်လုပ်ရတာတွေ ရှိတယ်မလား။ ဒါကို မနက်ခင်းထိ အိပ်ရမယ်လို့ ထင်ခဲ့တာ။ အမှန်တော့ ထင်သလို ဖြစ်မလာခဲ့။ သဘာ၀က ပေးတဲ့ မနက်ခင်းနိုးစက် မဟုတ်ဘဲ၊ ဒီတိုက်ကြီးက ပေးတဲ့ မနက်ခင်းနိုးစက်ကို ကိုဒေါင်း တစ်ယောက် ပိုင်ဆိုင်ထားလို့ဘဲလေ။
မနက်တိုင်း ကြားရတဲ့ ရန်ဖြစ်သံရဲ့ မူပိုင်ရှင်တွေကတော့ အမောင်ကိုတိုးနဲ့ သူ့ဇနီး အမိမကဲကဲတို့ဘဲလေ။ အစကတော့ ဒီတိုက်မှာ မနက်ခင်းဆို ဘာအသံမျှ မကြားရ။ လုံး၀ကို တိတ်ဆိတ်လွန်းတာ။ နောက်တော့ သူတို့ လင်မယား ပြောင်းလာပါလေရော။ စစပြောင်းလာချင်းဆိုတော့ ဘာမှ မဖြစ်ဘူးပေါ့လေ။ သူ့ဟာနဲ့သူတော့ အဆင်ပြေနေကြတာလေ။ နောက်တော့ အသံတွေ တစ်စတစ်စ ကြားလာရတော့တာဘဲ။ ပထမတုန်းကတော့ တိုးတိုး တိုးတိုးလေးတွေဘဲပေါ့။ ကြာလာတော့ အသံတွေက ပိုကျယ်လာတော့တာ။
YOU ARE READING
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
Adventureဒါကတော့ bl မဟုတ်ဘူးပေါ့လေ။ စုံထောက် ၀တ္ထုလေးပါ။ bromanceတွေလည်း မြင်ရမှာပါ။ ဟာသလေးတွေလည်း ပါမှာပေါ့နော်။ စုံထောက်၀တ္ထုကြိုက်နှစ်သက်တဲ့သူများ သဘောကျမယ်လို့ ထင်ပါတယ်။ အမှုက တစ်ခုပြီးတစ်ခု ရှိလာမှာဖြစ်တဲ့အတွက် ဖတ်ရအဆင်ပြေစေမှာပါ။