#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••••••••••••
ခမ်းနားသော အိမ်ကြီးမှမိသားစုများ
••••••••••••••••••••••••••••စက်တင်ဘာလ၊ ၂၅ရက်၊ ၂၀၀၁ခုနှစ်(ဗုဒ္ဓဟူးနေ့)
လေဘာတီ စံအိမ်ကြီးတွင်(ည ကိုးနာရီခန့်)နန်းအေးရင် တစ်ယောက် ဘီစကစ်မုန့်နှင့် နွားနို့ခွက်ပါသည့် လင်ဗန်းလေးကို ကိုင်၍ ဦးဘရင် အခန်းထဲကို ၀င်သွားလေသည်။
ဦးဘရင်မှာတော့ သွေးတိုး၍ ခေါင်းမူးကာ ခုတင်ပေါ်တွင် လှဲနေလေသည်။ ဦးဘရင် နန်းအေးရင် ၀င်လာတာကို မြင်လေသည်။
“အဲ့တာ ဘာတွေလဲ သမီး” ဟု ဦးဘရင်က မေးလိုက်သည်။
“အော်…….. အဖေက ခဏ ညစာစားတုန်းက ကောင်းကောင်းခန်းခန်းမှ ညစာမစားလိုက်ရတာ……. အဲ့တာကြောင့် သမီးက အဖေ့အတွက် အစာပြေ စားဖို့ ဘီစကစ်နဲ့ နွားနို့လေး ယူလာပေးတာပါ အဖေ” ဆိုကာ နန်းအေးရင် ဖြေရင်း ဦးဘရင် အခန်းက စာကြည့်စားပွဲနား သွားလိုက်လေသည်။စာကြည့်စားပွဲနားလည်း ရောက်ရော ကိုင်လာတဲ့ လင်ဗန်းကို စာကြည့်စားပွဲပေါ် တင်လိုက်လေသည်။ ပြီးနောက် လင်ဗန်းထဲမှာ အသင့်ပါလာတဲ့ ခွက်လေးထဲက သကြားလိုလို အဖြူရောင် အမှုန့်တွေကို ဦးဘရင် သောက်မယ့် နွားနို့ခွက်ထဲသို့ ထည့်ဖို့ ပြင်နေတော့သည်။
ထိုအချိန်တွင် ဦးဘရင်က နန်းအေးရင်ကို မေးခွန်း တစ်ခု မေးလိုက်လေသည်။
“အဖေ့ကို လက်စားချေဖို့ ဘယ်ချိန်ကတည်းက စီစဉ်ထားခဲ့တာလဲ”
ဦးဘရင် အမေးကြောင့် နန်းအေးရင်မှာ ပိုးသတ်ဆေးမှုန့် ထည့်ဖို့ လုပ်နေတာကို ခဏရပ်လိုက်လေသည်။ ပြီးတော့ ဦးဘရင်ကို ပြန်ဖြေလေသည်။
“အဖေကလည်း ဘာတွေ ပြောနေတာလဲ သမီးက အဖေ့ကို သတ်ပါ့မလား” လို့ နန်းအေးရင် ပြန်ဖြေရင်း ပိုးသတ်ဆေးမှုန့်ကို ဇွန်းဖြင့်ကော်ပြီး နွားနို့ခွက်ထဲကို ထည့်လိုက်တော့သည်။
“သိနေခဲ့တယ်မလား…….” ဟု ဦးဘရင် ထပ်ပြောလာသည်။
“ဘာကိုလဲ…… သမီးက ဘာကို သိရမှာလဲ”
ESTÁS LEYENDO
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
Aventuraဒါကတော့ bl မဟုတ်ဘူးပေါ့လေ။ စုံထောက် ၀တ္ထုလေးပါ။ bromanceတွေလည်း မြင်ရမှာပါ။ ဟာသလေးတွေလည်း ပါမှာပေါ့နော်။ စုံထောက်၀တ္ထုကြိုက်နှစ်သက်တဲ့သူများ သဘောကျမယ်လို့ ထင်ပါတယ်။ အမှုက တစ်ခုပြီးတစ်ခု ရှိလာမှာဖြစ်တဲ့အတွက် ဖတ်ရအဆင်ပြေစေမှာပါ။