#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••
သက်သေပျောက်ဆုံးနေသောအမှု
••••••••••••••••••••••••••ကိုဒေါင်းမှာ လှိုင်းသင့် ပေးခဲ့သည့် နာမည်ကဒ် စာရွက်လေးကို အတော်ကြာ ကြည့်လို့နေလေသည်။ စာရွက်အား ကြည့်လို့ အပြီးမှာတော့ ကိုဒေါင်းလည်း အိတ်ကပ်ထဲ ပြန်ထည့်ထားလိုက်သည်။ ပြီးနောက် ကိုဒေါင်း တစ်ယောက် ထိုနေရာက သွားမလို့ ပြင်နေတုန်းမှာဘဲ နောက်က ခေါ်သံကြောင့် လှည့်လာလေတော့သည်။
“ကိုဒေါင်း……. ဟုတ်တယ်မလား” ဆိုသည့် ခွဲစိတ်ဆရာ၀န် မြင့်နိုင်က ခေါ်လိုက်တာကြောင့် ဖြစ်သည်။
“ဘာများဖြစ်လို့ပါလဲ……. ဆရာ”
“သေချာ ဂရုစိုက်ပြီး ကိုင်တွယ်ဖြေရှင်းပါ ကိုဒေါင်း”
မြင့်နိုင် ပြောလိုက်တဲ့ စကားကြောင့် ကိုဒေါင်း ကြောင်တောင်တောင်လေး ဖြစ်သွားသည်။“ပထမဆုံး လူသတ်မှုကို စုံစမ်းစစ်ဆေးတာဆို”
“အော်…….. ဟုတ်ကဲ့…… သေချာလေး ဖော်ထုတ်လိုက်ပါ့မယ်”
“လူသတ်မှုဆိုတာ ဖြေရှင်းရ လွယ်တာ မဟုတ်ဘူး……. လူသတ်တဲ့သူတွေက တစ်ခါသတ်ဖူးပြီးရင် ထပ်သတ်ချင်လာတာ ထုံးစံပါဘဲ”
ကိုဒေါင်းမှာတော့ မြင့်နိုင် ပြောနေသည်ကို စိတ်၀င်တစားဖြင့် နားထောင်နေတော့သည်။
“ကျွန်တော် မှုခင်းဆေးဆရာ၀န်လုပ်ခါစက လူသတ်မှု ဖြစ်တဲ့ နေရာတွေကို လိုက်ခဲ့ဖူးတယ်……. သက်သေမရှိတဲ့ အချိန်နဲ့ ကြုံလာပြီဆိုရင် လူသတ်မှု ဖြစ်တဲ့ နေရာကို ပါးပါးနပ်နပ်နဲ့ ဆက်စပ်တွေးကြည့်ပါ ကိုဒေါင်း….. ခုလို ပြောနေတာတွေ ကိုဒေါင်း အခုတော့ နားမလည်သေးပေမယ့် နောက်ကျ သိလာပါလိမ့်မယ်” လို့ ပြောပြီး မြင့်နိုင်မှာ ရင်ခွဲရုံထဲသို့ ပြန်၀င်သွားလေသည်။
ဒါနဲ့ ကိုဒေါင်းလည်း ခပ်မြန်မြန်ဘဲ ထိုနေရာက ထွက်လာလိုက်တော့၏။ ဆေးရုံ၀င်းရှိ ကားထားရာ နေရာသို့ ကိုဒေါင်း ပြန်ရောက်လာလေသည်။ မိမိရပ်ထားတဲ့ နေရာသို့ သွားလိုက်ပြီး ကားပေါ် တက်လိုက်တော့သည်။ ပြီးတာနဲ့ ကိုဒေါင်း တစ်ယောက် ဆေးရုံ၀င်းက ထွက်ကာ တစ်နေရာရာသို့ ဦးတည်သွားလေတော့သည်။
YOU ARE READING
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
Adventureဒါကတော့ bl မဟုတ်ဘူးပေါ့လေ။ စုံထောက် ၀တ္ထုလေးပါ။ bromanceတွေလည်း မြင်ရမှာပါ။ ဟာသလေးတွေလည်း ပါမှာပေါ့နော်။ စုံထောက်၀တ္ထုကြိုက်နှစ်သက်တဲ့သူများ သဘောကျမယ်လို့ ထင်ပါတယ်။ အမှုက တစ်ခုပြီးတစ်ခု ရှိလာမှာဖြစ်တဲ့အတွက် ဖတ်ရအဆင်ပြေစေမှာပါ။