#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••••••••••••မနက်ပိုင်း ခုတင် ၅၀၀ဆန့် ဆေးရုံကြီးက ရင်ခွဲရုံတွင်
ညာဏ်လင်းမှာ လေဘာတီ စံအိမ်ကို လာသည့် ဆရာ၀န်နှင့် အတူ အလောင်းကို စစ်ဆေးဖို့ လိုက်သွားလေသည်။ အခု ဆေးရုံက ရင်ခွဲရုံမှာ ဖြစ်သည်။ ဆရာ၀န်ကတော့ သူ့လုပ်စရာ ရှိတာကို ဘာမှ မပြောဘဲ လုပ်နေလေသည်။ ခွဲစိတ် ၀တ်စုံ အစိမ်းလေး ၀တ်ထားပြီး၊ လက်အိတ် စွတ်ထားတဲ့ လက်က ခွဲစိတ်ဓားကို ကိုင်ထားလေသည်။ ပြီးတော့ အလောင်းကို နှံ့နှံ့စပ်စပ် ကြည့်နေတော့၏။
ညာဏ်လင်းမှာတော့ လက်ကိုင် ပုဝါလေး တစ်ထည်ကို နှာခေါင်းနား တေ့လျက် ဆရာ၀န် လုပ်နေသည်ကိုသာ စေ့စိုက် ကြည့်လျက်ရှိသည်။ အလောင်းက မနေ့ညကထဲက ဒီအတိုင်း ထားခဲ့လေတော့ အနံ့အသက်တောင် အနည်းငယ် ထွက်နေလေပြီ။ ဒါကြောင့် ညာဏ်လင်း တစ်ယောက် လက်ကိုင် ပုဝါဖြင့် နှာခေါင်းကို အုပ်ထားတာ ဖြစ်သည်။ ပြီးတော့ ဦးဘရင် အလောင်းကို စိုက်ကြည့်လျက်။
ဆရာ၀န် ဖြစ်တဲ့ ကျော်စွာမှာ ညာဏ်လင်းကို ဂရုမစိုက်အားပါ။ အလောင်းကို စေ့စပ် သေချာ ကြည့်နေရင်းမှ ဦးဘရင်၏ နှုတ်ခမ်းနားလေးက အဖြူမှုန့်လေးကို လက်ကလေးဖြင့် စမ်းကြည့်နေလေသည်။ ပြီးနောက် ကိုကျော်စွာမှာ ချက်ချင်းဘဲ ဦးဘရင်၏ နှုတ်ခမ်းနားသို့ မရွံ့မရှာဘဲ နီးကပ်စွာ ကပ်လိုက်တော့သည်။
ညာဏ်လင်းမှာတော့ ကိုကျော်စွာ လုပ်တာကို ကြည့်ပြီး ကိုယ်လေး တစ်ချက် တွန့်သွားလေသည်။ ဟုတ်ပါတယ်လေ။ သာမန်လူ တစ်ယောက်က အလောင်းကောင်နားသို့ ဘယ်ကပ်ရဲပါ့မလဲ။ ဆရာ၀န်တွေကတော့ ကျောင်းတက်စဉ်ကတည်းက လက်တွေ့ဘာညာ လုပ်ခဲ့တော့ သူတို့အတွက်တော့ ဘယ်မူတော့မလဲ။ ညာဏ်လင်း တစ်ယောက် ကိုကျော်စွာကို စက်ဆုပ်တဲ့ အကြည့်ဖြင့် ကြည့်လိုက်သည်။ အထင်သေးတဲ့ အကြည့်တော့ မဟုတ်။ ဒီအတိုင်း "မရွံ့ဘူးလား" ဆိုသည့် အကြည့်မျိုး ဖြစ်လေသည်။ ညာဏ်လင်းမှာ ကြည့်ရင်း အန်ချင်သလိုလို ဖြစ်လာတာကြောင့် နှာခေါင်းနားက လက်ကိုင်ပုဝါလေးကို တင်းတင်း ကိုင်ထားလိုက်လေသည်။
YOU ARE READING
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
Adventureဒါကတော့ bl မဟုတ်ဘူးပေါ့လေ။ စုံထောက် ၀တ္ထုလေးပါ။ bromanceတွေလည်း မြင်ရမှာပါ။ ဟာသလေးတွေလည်း ပါမှာပေါ့နော်။ စုံထောက်၀တ္ထုကြိုက်နှစ်သက်တဲ့သူများ သဘောကျမယ်လို့ ထင်ပါတယ်။ အမှုက တစ်ခုပြီးတစ်ခု ရှိလာမှာဖြစ်တဲ့အတွက် ဖတ်ရအဆင်ပြေစေမှာပါ။