အခန်း(၁၄)-ခမ်းနားသောအိမ်ကြီးမှ မိသားစုများ

58 16 0
                                    

#Unicode#

မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••
စက်တင်ဘာလ၊ ၂၅ရက်၊ ၂၀၀၁ခုနှစ်(ဗုဒ္ဓဟူးနေ့)

လေဘာတီစံအိမ်ဆိုတာ ရန်ကုန်မြို့ရဲ့ ကျိကျိတက် ချမ်းသာတဲ့ သူဌေးကြီး ဦးဘရင် ဆောက်လုပ်ထားသည့် စံအိမ်ဘဲ ဖြစ်ချေသည်။ ပြောရမယ်ဆိုလျှင် ဦးဘရင်ဟာ ရန်ကုန်မြို့ရဲ့ မျက်နှာစာလို့ ပြောရမလားဘဲ။ ဘာကြောင့်ဆို ဦးဘရင် ပိုင်ဆိုင်သည့် လေဘာတီ လုပ်ငန်းကြီးက ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ လက်ဝါးကြီးအုပ်ထားလို့ဘဲ ဖြစ်သည်။ နေရာတိုင်းမှာ ဦးဘရင်ရဲ့ လုပ်ငန်းတွေ ရှိကြသည်။

လေဘာတီ ရုပ်ရှင်ရုံတို့၊ လေဘာတီ ဟိုတယ်တို့၊ လောဘာတီ ဂေါက်ကလပ်တို့၊ လေဘာတီ ကုန်တိုက်တို့၊ လေဘာတီ ဓာတ်ဆီဆိုင်တို့၊ လေဘာတီ ရွှေဆိုင်တို့ ဆိုတာ ဦးဘရင်ရဲ့ လုပ်ငန်းအခွဲတွေဘဲ ဖြစ်ကြသည်။ ဦးဘရင်ရဲ့ လုပ်ငန်းတွေက ဒါတွေဘဲ မဟုတ်၊ စက်ရုံတွေလည်း ရှိသေးသည်။ အရက်ချက် စက်ရုံ၊ စက္ကူထုတ် စက်ရုံ၊ ရေသန့် စက်ရုံ စသည့် စက်ရုံတွေကိုလည်း မြို့အထွက်နားလေးမှာ ဖွင့်လှစ်ထားလေသည်။

ဒါကြောင့် ဦးဘရင်ဆိုတာ မသိတဲ့သူ မရှိ။ ရန်ကုန်မြို့က သူတွေ အားလုံး သိကြသည်။ ပြီးတော့ လေဘာတီဆိုသည့် ဆိုင်းဘုတ်ကို ရန်ကုန်မြို့ အနှံ့ အပြားမှာ တွေ့ရှိနိုင်လေသည်။ လေဘာတီဟု ပြောလိုက်လျှင် ဦးဘရင် ဆိုပြီး တွဲပြီး မြင်ရလောက်သည်အထိ ဖြစ်သည်။ သတင်းစာများ၏ ခေါင်းကြီးပိုင်းတွင်လည်း မကြာခဏ ဖော်ပြခြင်း ခံရတော့သည်။

"သူဌေးကြီး ဦးဘရင်၏ အောင်မြင်မှု လျို့ဝှက်ချက်"
"သူဌေးကြီး ဦးဘရင်က ဆိုင်ခွဲတွေ ထပ်ပြီး ဖွင့်လှစ်ကြောင်း"
"သူဌေးကြီး ဦးဘရင်က ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ပြီး အလှူအတန်းလုပ်ကြောင်း"
"သူဌေးကြီး ဦးဘရင်က မရှိဆင်းရဲတွေကို တိုက်အိုးအိမ် ဆဆောက်လုပ်ပေးကြောင်" စသည့် စသည့် ဦးဘရင်၏ ကောင်းကြောင်းများကို ဖော်ပြကြလေတော့သည်။

ဦးဘရင်၏ ကောင်းကြောင်းများကို ဖော်ပြသကဲ့သို့ တစ်ခြားသော သတင်းစာတိုက်များမှာလည်း ဦးဘရင်၏ မကောင်းတဲ့ သတင်းကိုလည်း ဖော်ကြလေတော့၏

မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများOpowieści tętniące życiem. Odkryj je teraz